1. Home
  2. Movie Stars - Celebrity

၆နှစ်အကြာလက်တွဲပြီးနောက်လမ်းခွဲခဲ့ကြတဲ့Demi Lovato

Movie Stars - Celebrity มิ.ย. 07, 2559 view 1,534

ဒီရက်ပိုင်းတွေ ကတော့ နာမည်ကြီးတွေ အများကြီး လွမ်းခွဲကြတာ Amber Heard, နောက်တော့ Taylor Swift, Gigi Hadid အခုတော့ Demi Lovato နဲ့ Wilmer Valderrama တို့ဟာ ၆နှစ်အကြာလက်တွဲပြီးနောက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Demi က သူတို့၂ယောက်လမ်းခွဲတဲ့ သတင်းကို Instagram ပေါ်မှာ ကြေငြာခဲ့ပါတယ်။ “ချစ်စရာကောင်းပြီး အံ့သြဖွယ်ရာအပြည့်ရှိခဲ့တဲ့ ၆နှစ်တာကို ကျွန်မတို့အတူဖြတ်သန်းအပြီးမှာ ကျွန်မတို့နှစ်ယောက်ရဲ့ Relationship ကို အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်မတို့၂ယောက်လုံးအတွက် အရမ်းကိုခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့၂ယောက်ဟာ Best Friendsတွေအဖြစ်နေတာ ပိုကောင်းတယ်လို့နားလည်ခဲ့ကြပါတယ်။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် အကူအညီပေးနေအုံးမှာပါ။ ၆နှစ်လုံးလုံး ကျွန်မတို့အတွဲကို ကြင်နာခဲ့တဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ သောကြာနေညက အင်စတာဂရမ်ပေါ်ကို တင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နွေရာသီက New Zealand ရေဒီယိုတစ်ခုနဲ့ အင်တာဗျူးမှာ သူမက အကယ်၍ Valderramaသာ လက်ထပ်ခွင့်တောင်းရင် သူခေါင်းညိတ်မိမှာပဲလို့ ဖြေခဲ့ပါတယ်။ သူတို့စုံတွဲဟာ အများတကာ အားကျခဲ့ရတဲ့ စုံတွဲလည်းဖြစ်ခဲ့ပါ တယ်။Credit:Shwemom



Follow us on