1. Home
  2. Movie Stars - Celebrity

ခိုးပြေးခဲ့ကြကြောင်း တစ်လအကြာမှာ ဖွင့်ပြောခဲ့တဲ့ စုံတွဲ

Movie Stars - Celebrity มิ.ย. 07, 2559 view 1,595

အသက် ၃၄ နှစ်အရွယ် ဗြိတိန်မင်းသားဟာ ကြည်နူးစရာ မင်္ဂလာဆောင်ဓာတ်ပုံကို တစ်လအကြာမှ မျှဝေခဲ့တာ ဖြစ်ပါတယ်။ "ဒီနေ့က Aimee Mullins နဲ့ လက်ထပ်တာ တစ်လပြည့်အထိမ်းအမှတ်ပါ" လို့ လည်း သူက ရေးသားထားပါသေး တယ်။ အသက် ၃၉ နှစ်အရွယ် Aimee ကလည်း သူတို့ရဲ့ ပျော်ရွှင်စရာနေ့လေးမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံအချို့ကို မျှဝေခဲ့ပါတယ်။

လျှို့ဝှက်လက်ထပ်ခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးစွာ မျက်လုံးချင်းဆုံပီး ကြည်နူးနေကြတဲ့ မင်္ဂလာဆောင် ဓာတ်ပုံကိုလည်း မျှဝေခဲ့ကြပါတယ်။ လူမသိသူမသိ လက်ထပ်ခဲ့ကြတဲ့ သူတို့ရဲ့ မင်္ဂလာပွဲလေးဟာ မခမ်းနားပေမဲ့ ရိုမန်တစ်အရမ်းဆန်တဲ့ မင်္ဂလာပွဲလေးတစ်ခု ဖြစ်တယ်ဆိုတာ ဓာတ်ပုံတွေကို ကြည့်ရုံနဲ့တင် ကြည်နူးစရာကောင်းပါတယ်။ Credit:Duwun



Follow us on