1. Home
  2. Myanmar News

ဈေးဘေး လမ်းဘေး က ခွေများကို နေ့စဉ်ရှင်းလင်းမည်

Myanmar News มิ.ย. 08, 2559 view 1,542
ရန်ကုန်မြို့တော်ရှိ ဈေးများတွင် လေလွင့် တိရစ္ဆာန် အန္တရာယ် လျော့နည်းစေရေးအတွက် ဇွန်လ ပထမပတ်မှစတင်ကာ လေလွင့် တိရိစ္ဆာန်များကို နေ့စဉ် ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
 
လေလွင့် တိရစ္ဆာန်များဖြစ်သောခွေး၊ ကြွက်နှင့်ကျီးများကြောင့် တိရစ္ဆာန်များမှတစ်ဆင့် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ရန် ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊ ဈေးများတွင် နေ့စဉ် ရှင်းလင်းရေးအပြင် ခရိုင်အလိုက် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
 
“ဈေးတွေမှာ အရင်ကတော့ ရှင်းပေးဖို့ အကြောင်းကြားစာရမှ လုပ်ဖြစ်ပေမယ့်၊ လိုအပ်ချက်အရ အခုနောက်ပိုင်းတော့ သေချာကို ပုံမှန် လုပ်ဆောင်သွားမှာပါ”ဟု ၎င်းကပြောကြားသည်။
 
ရန်ကုန်မြို့တော်တွင် လေလွင့်တိရစ္ဆာန်များကို ရှင်းလင်းရာတွင် ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေးနှစ်က ခွေးကောင်ရေ ၁၇ဝဝဝ၊ ကြွက်ကောင်ရေ နှစ်သိန်းကျော်နှင့် ကျီးကောင်ရေ ၄ဝဝဝ ကျော်ကို ရှင်းလင်းခဲ့ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရှိရသည်။
 
“ကြွက်ကြောင့် ရောဂါဘယတွေလည်း ဖြစ်နိုင်တာဆိုတော့ ပုံမှန်လေး ရှင်းပေးတာ ကောင်းတယ်။ ခွေးတွေက သနားဖို့ကောင်းတော့ အန္တရာယ် မရှိရင် ဒီအတိုင်း ထားစေချင်တယ်”ဟု တောင်ဥက္ကလာမြို့နယ် မြင်သာဈေးတွင် ကုန်ခြောက်ရောင်းချသူ ဒေါ်ခင်စန်းမြင့်က ပြောဆိုသည်။
 
Source : Voice Weekly 


Follow us on