
ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသ နဲ့ ရုရှားနိုင်ငံ တို့အကြားမှာ တည်ရှိတဲ့ Azov ပင်လယ် ရေပြင်ရဲ့ အနောက်ဘက်ပိုင်းကို Lake Syvash လို့ ခေါ်ကြပါတယ်။ ရေကလည်း အလွန်တိမ်ပြီးတော့ နွရောသီတွေမှာ ပူပြင်းနေလေ့ရှိပါတယ်။ ရေအနက်ဟာ အနည်းဆုံး ၁ ပေ ကျော်ကျော်လောက်ကနေ ၃ ပေ ကျော် အထိ သာ ရှိပါတယ်။ အဲ့ဒီလို ပူပြင်းတဲ့ အချိန်တွေ ဆိုရင် ဒီရေကနေ မကောင်းတဲ့ အနံ့အသက်လည်းထွက်လာ တတ်ပါတယ်။ ဒါကြောင့် ဒီရေကန်ကို တခါတရံမှာ ပုပ်သိုးနေတဲ့ ပင်လယ် Rotten Sea လို့ လည်း ခေါ်ကြပါတယ်။

ဒါ့အပြင် Syvash ကန်ရဲ့ အရောင် ဟာ ရေမှော်ပင် တစ်မျိုးကြောင့် အနီရောင် သန်းနေပါတယ်။ ကမ်းစပ်တွေမှာလည်း ပင်လယ်ရေ အငွေ့ပြန်မှုနှုန်းများလွန်းတာ ကြောင့် ကျန်ရှိနေတဲ့ ဆားအမျိုးစား အများ အပြားကိုလည်း တွေ့ရှိနိုင်ပါတယ်။ ဒီနေရာမှာ ရှိတဲ့ ဆားတွေရဲ့ အလေးချိန်ဟာ မက်ထရစ်တန်ပေါင်း သန်း ၂၀၀ ကျော် လောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

.jpg)

Credit : mayoneyinponepyinmat/
Source :http://www.ayesay.com.mm/%e1%80%95%e1%80%af%e1%80%95%e1%80…/
comment