
Miley Cyrusနဲ့ လွန်ခဲ့တဲ့နွေ၇ာသီက တွဲခဲ့ဖူးတဲ့ ဘယ်လ်ဂျီယံ-အိုင်ယာလန်နွယ်ဖွား Victoria’s Secret မော်ဒယ် Stella Maxwellကို Maximမဂ္ဂဇင်းက ကမ္ဘာ့အဟော့ဆုံး အမျိုးသမီးအဖြစ်ရွေးချယ်လိုက်ပါတယ်။ သူမဟာအရင်ကKristen Stewart နဲ့တွဲခဲ့ပြီး Lesbianတစ်ယောက်လည်း ဖြစ်ပုံရပါတယ်။

Maxim မဂ္ဂဇင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ “အကောင်းမြင်ခြင်းနဲ့ အကောင်းဆုံးရလဒ်ကို မြင်ယောင်ခြင်းက အောင်မြင်ခြင်းဆီကိုရောက်အောင် လျှောက်လှမ်းရာမှာ အရေးကြီးပါတယ်။ အမြဲတမ်းတော့ ဟုတ်ချင်မှဟုတ်မယ်။ဒါပေမယ့် ကျွန်မရောက်ချင်တဲ့ နေရာကို ကျွန်မမျက်စိထဲမြင်နိုင်ရင် အဲ့ဒါအမြဲဖြစ်လေ့ရှိပါတယ်။ အကောင်းမြင်ခြင်းကဘဝမှာ အရမ်းအသုံးဝင်ပါတယ်။”
Victoria’s Secretက စာချုပ်တစ်နှစ်စာ ကမ်းလှမ်းမှုခံခဲ့ရပြီးတဲ့အချိန်မှာတော့ သူမဟာ အိုင်ယာလန်နိုင်ငံအတွက် သီးသန့်မော်ဒယ် Angel အဖြစ်အရွေးခံခဲ့ရပါတယ်။ “ဒီလိုမျိုးဖြစ်လာဖို့ အရင်ကတည်းက မျှော်လင့်ခဲ့ပါတယ်။ အခွင့်အရေးရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုတော့ အလုပ်ထဲ ခေါင်းနှစ်ပါတော့မယ်”လို့ ဆိုခဲ့ပါတယ်။ Credit:Shwemom

comment