1. Home
  2. Special or Others

နည်းပညာအသုံးအဆောင်ပစ္စည်းတိုင်းကို အားသွင်းပေးမယ့် စတစ်ကာ

Special or Others มิ.ย. 08, 2559 view 1,633

မျက်မှောက် နည်းပညာလောကမှာ ထွက်ပေါ်နေတဲ့ စမတ်ဖုန်းအချို့အပါအ၀င် နည်းပညာအသုံးအဆောင် ပစ္စည်း တွေမှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပါတယ်။ ဒါပေမယ့် Apple ရဲ့ နည်းပညာအသုံးအဆောင်ပစ္စည်းတွေ အပါအ ၀င် နည်းပညာအသုံးအဆောင် ပစ္စည်းတွေမှာ ကြိုးမဲ့အားသွင်းစနစ် မပါဝင်ပါဘူး။ ဒါပေမယ့် စတစ်ကာလေးက ကြိုးမဲ့စနစ်နဲ့ ဘယ်ဖုန်း အမျိုးအစားကိုမဆို ဘယ်နည်းပညာပစ္စည်းကိုမဆို အားသွင်းပေးပါတော့မယ်။ Energysquare လို့ ခေါ်ဝေါ်ထားတဲ့ စတစ်ကာကို ဖုန်းရဲ့ ကျောဘက်မှာ ကပ်ပြီး အားသွင်းပြားပေါ်မှာ တင်ထား လိုက်ရုံ နဲ့ အားသွင်းပေးမှာမှာဖြစ်ပါတယ်။

Energysquare က’’ Energysquare က မျိုးဆက်သစ် ကြိုးမဲ့အားသွင်းစနစ်ဖြစ်ပါတယ်။ သူ့ကို အားသွင်းပေါက်နဲ့ ကျောတို့ကို ကပ်ပြီး ပုံမှန် Charger တွေနဲ့ အားသွင်းမှုရဲ့ လျှင်မြန်မှုမျိုးနဲ့ပဲ အားသွင်းပေးမယ်” လို့ Kickstarter မှာ ရေးသား သွားခဲ့ပါတယ်။ ယင်းပစ္စည်းကို ၀ယ်ယူသူတွေအနေနဲ့ စတစ်ကာ ငါးခုနှင့် အားသွင်းပြားတစ်ခု ရရှိမှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၉၁ ကနေ ဒေါ်လာ ၁၀၆ နှုန်းကျသင့်နိုင်ပါတယ်။ Energysquare နှင့် micro-USB,USB Type C အသုံးပြုတဲ့ ဘယ်စမတ်ဖုန်းနဲ့မ ဆို အားသွင်းနိုင်ပါမယ်။ စတစ်ကာတစ်ခုကို ၁၀ ဒေါ်လာနှုန်းဖြစ်ပါတယ်။

အားသွင်းပြားတစ်ခုကို ၆၅ ဒေါ်လာပါ။ ပါးလျပြီး စေးကပ်တဲ့ စတစ်ကာကို အစက်ကလေးနှစ်ခုနှင့် ဒီဇိုင်းထွင်ထားပြီး ယင်းအစက်လေးတွေက ဘက်ထရီကို တိုက်ရိုက်ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောနဲ့ ဘက်ထရီခေါင်းမှာ စတစ်ကာကပ်ပြီး အား သွင်းပြားပေါ် တင်တော့မှ အားသွင်းမှု စတင်မှာ ဖြစ်ပါတယ်။

Source & Photos : inmya.com

https://inmya.com/news/2016/06/07/904



Follow us on