1. Home
  2. Special or Others

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုန်းကြီး အသတ်ခံရ

Special or Others มิ.ย. 08, 2559 view 1,617

ဒါကာ၊ ဇွန် ၇ ။ ။ သံသယရှိ အစ္စလာမ်မစ်အစွန်းရောက်များ၏ နောက်ဆုံးတိုက်ခိုက်မှုအဖြစ် ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုန်းကြီး အသတ်ခံရသည်။ ဂျန်နိုင်ဒက်ခရိုင်တွင် အသက် ၇၀ ရှိ ဟိန္ဒူဘုန်းကြီး အန်နန်ဒါဂိုပယ်၏ ရုပ်အလောင်းကို ၎င်း၏ ဘုန်းကြီးကျောင်းအနီး ကွင်းပြင်တွင် တွေ့ရှိခြင်းဖြစ်သည်။ လည်ပင်းတွင် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေခြင်းဖြစ်သည်။ သီးခြားဖြစ်စဉ်တစ်ရပ်မှာ လူသတ်ဖြတ်ခြင်းများအတွက် နှိမ်နှင်းမှုများ လုပ်ဆောင်ရာ သံသယရှိ အစ္စလာမ်မစ်အစွန်းရောက် သုံးဦးအား ရဲက သုတ်သင်ခဲ့သည်။

အစ္စလာမ်မစ်များက ၎င်းတို့ ကျုးလွန်သည် ကြေညာထားသော သို့မဟုတ် ၎င်းတို့ကို အပြစ်ဆိုလျက်ရှိသော လူသတ်ဖြတ်မှုအများစုနှင့် ပတ်သက်ပြီး အစိုးရက သေချာကိုင်တွယ်မှု မရှိကြောင်း ဝေဖန်သူများက ပြောကြသည်။ မတရာအသင်းဖြစ်သော JMB အဖွဲ့ဝင် နှစ်ဦးကို အစွန်းရောက်ဖြိုခွင်းမှုအတွင်း ဒါကာမြို့၌ ပစ်သတ်သုတ်သင်ခဲ့ခြင်းဖြစ်ကြော်း ရဲက ပြောသည်။ တတိယမြောက် ပစ်သတ်ခံရသူမှာ မကြာသေးမီက အမာဒီယာဗလီ ဗုံးခွဲမှုနှင့် ချိတ်ဆက်ပတ်သက်မှုရှိသူတစ်ဦးဖြစ်ကြောင်းလည်း ရဲက ပြောသည်။

Credit : http://mizzimaburmese.com/



Follow us on