1. Home
  2. Movie Stars - Celebrity

Dylan O'Brien ရဲ့ ဒဏ်ရာကြောင့် Maze Runner ဇာတ်ကားသစ် ၂၀၁၈ မှ ရုံတင်မည်

Movie Stars - Celebrity มิ.ย. 09, 2559 view 1,665

Maze Runner: The Death Cure ဇာတ်ကားကို ဇန်နဝါရီလ ၂၀၁၈ မှ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ စတန့်ပြကွက်တစ်ခု မှားယွင်းသွားတဲ့အတွက် ဒဏ်ရာရသွားခဲ့တဲ့ မင်းသား Dylan O'Brien ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူရမှာ ဖြစ်တဲ့အတွက် အခုလို ဇာတ်ကားထုတ်လုပ်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

 

မူလက ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ထုတ်လုပ်ဖို့ စီစဉ်ထားတာပါ။ ဒါရိုက်တာ ဝက်စ်ဝဲလ် ရိုက်ကူးတဲ့ The Death Cure ဇာတ်ကားက Maze Runner ရဲ့ တတိယနဲ့ နောက်ဆုံး ရုပ်ရှင်ဖြစ်ပြီး ဇာတ်ကားထဲမှာ Dylan O'Brien က Flare လို့ခေါ်တဲ့ လူကိုသေစေနိုင်တဲ့ ကူးစက်ရောဂါပိုးတစ်ခုအတွက် ဆေးကို ရှာဖွေနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မေလတုန်းက ဒီရုပ်ရှင်ကို အချိန်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီလို့ Fox ရုပ်ရှင်ထုတ်လုပ်ရေးက ပြောခဲ့ပါတယ်။Credit: Duwun

 



Follow us on