1. Home
  2. Special or Others

ကိုလံဘီယာကပျော်စရာ ခရမ်းချဉ်သီးပေါက်ပွဲတော်

Special or Others มิ.ย. 09, 2559 view 1,686

အရင်အပတ်တုန်းက ကိုလံဘီယာနိုင်ငံ Sutamarchan မြို့ကို ထောင်နဲ့ချီတဲ့လူတွေ ခရမ်းချဉ်သီးပေါက်ပွဲတော် အတွက် ရောက်ရှိလာခဲ့ပါတယ်။ ခရမ်းချဉ်သီးပေါက်ပွဲတော်ဆိုတာ အမှည့်လွန်တဲ့ခရမ်းချဉ်သီးတွေကို စုဆောင်းပြီး တစ်ယောက်နဲ့ တစ်ယောက်ပျော်ပျော်ပါးပါးပေါက်တဲ့ ပွဲတော်ပါ။

ကိုလံဘီယာနိင်ငံက Boyacaပြည်နယ်မှာ ဒီလိုပွဲမျိုးကျင်းပခဲ့တာ ၉ နှစ်တောင်ရှိပါပြီ။ လက်တင်အမေရိကားတစ် လျှောက်မှာ ခရမ်းချဉ်သီးအထွက်ဆုံးဒေသလည်း ဖြစ်ပါတယ်။ ခရမ်းချဉ်သီးပေါက်ပွဲတော်လို့ဆိုပေမယ့် အခြားပြိုင်ပွဲလေးတွေ လည်းပါဝင်ပါတယ်။ ဥပမာ အကြီးဆုံးခရမ်းချဉ်သီးတို့၊ ခ၇မ်းချဉ်သီးပြိုင်စားပွဲတို့လည်း ပါဝင်ပါတယ်။

အရင်နှစ်တွေကလည်း လူပေါင်း ၂သောင်းလောက် အမြဲတက်လေ့ရှိပါတယ်။ ဒီပွဲတော်ဟာ စပိန်နိုင်ငံက နာမည်တူပွဲ တော်တစ်ခုကို အားကျပြီး ဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။ အရင်နှစ်ကလည်း စပိန်နိုင်ငံမှာ ဒီလိုပွဲမျိုးကို ကမ္ဘာ လှည့်ခရီးသည်တွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။Credit:Shwemom



Follow us on