1. Home
  2. Special or Others

နေရောင်ခြည်စွမ်းအင်ကို စုပ်ယူထားပြီး မှောင်သည့်အချိန်တွင် လင်းထိန်လာမည့်လမ်း

Special or Others มิ.ย. 09, 2559 view 1,640

ဗြိတိသျှကုမ္ပဏီတစ်ခုက အမှောင်ထဲမှာ လင်းထိန်လာနိုင်မယ့် ပစ္စည်းတစ်မျိုး ကိုတီထွင်လိုက်ပါပြီ။ အမှောင်ထဲမှာ လင်းလာမယ်ဆိုပေမယ့် သူက သာမန် ပစ္စည်းမျိုးမဟုတ်ဘဲ လမ်းတစ်လမ်းလုံးကို လင်းထိန်လာအောင်လုပ်ပေးနိုင်မည့် ပစ္စည်းမျိုးပါ။ အဲဒီဆိုလာပြားတွေကို လမ်းပေါ်မှာ ခင်းထားမယ်ဆိုရင်သူက နေရောင်ခြည်စွမ်းအင်ကို တစ်နေကုန် စုပ်ယူထားမှာဖြစ်ပြီး မှောင်လာပြီဆိုတာနဲ့ အလိုလို လင်းထိန်လာမှာပါ။

သူက လူကို ချော်လည်း မလဲစေနိုင်၊ ရေဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါသတဲ့။ ဒါကြောင့် သူ့ကို လမ်းပေါ်၊ ပလက်ဖောင်းပေါ်မှာသာ ခင်းထားလိုက်မယ်ဆိုရင် အလင်းရောင်အားလည်း ပိုကောင်းလာမယ့်အပြင် မတော်တဆ ဖြစ်မှုနှုန်းလည်းအတော်ကို ကျသွားတော့မှာပေါ့ ။ ကိန်းဘရစ်ခ်ျက ဥယျာဉ်ကြီးတစ်ခုက လမ်းတွေမှာတော့ အဲဒါတွေ တပ်ဆင်ထားပါပြီ။ နေ့ဘက်မှာ စုပ်ယူထားတဲ့ စွမ်းအင်ရှိသလောက်ကိုပဲ သူက ညဘက်မှာ ပြန်ထုတ်ပေးနိုင်မှာပါ။

Credit : pyimyanmarnews/?fref=nf

‪#‎ချယ်ရီ‬‬(DM, 3.6.16)



Follow us on