1. Home
  2. Special or Others

မသန်စွမ်းသမီးလေး(၂)ယောက်ကို ပြည့်တန်ဆာအဖြစ်နဲ့ပိုက်ဆံရှာခိုင်းတဲ့မိခင်

Special or Others มิ.ย. 10, 2559 view 1,641

မသန်စွမ်းတဲ့ သမီးငယ်၂ယောက်ကို ပြည့်တန်ဆာအဖြစ်အလုပ်လုပ်စေကာ ရလာတဲ့ပိုက်ဆံနဲ့ဘိန်းရှုတဲ့ မိခင်ကို ထောင် ဒဏ်နှစ်(၂၀) တရားရုံးက ချမှတ်လိုက်ပါတယ်။ မြောက်ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ Teresa Vanover ဟာ ၅ဒေါ်လာကနေ ၂၀ဒေါ်လာအထိပေးရင် သူ့သမီး၂ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားခွင့်ပေးခဲ့ပါတယ်။

အစက သူ့ရဲ့ယောက်ျားအတွက် ဆေးဖိုးရှာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲ့ဒိပိုက်ဆံတွေကနေ ဘိန်းဝယ်ရှုခဲ့ပါတယ်။ အသက်၁၅နှစ်အရွယ်သမီးလေးက ငြင်းရင် အသက်၁၃နှစ်အရွယ်သမီးလေးကို တစ်လှည့်ခိုင်းပါတယ်။ အကြီးမလေးကအဖေဖြစ်သူသေဆုံးသွားတဲ့အချိန်မှာတော့ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။

“ကျွန်မတို့အဖေက သေသွားတာကြောင့် ကျွန်မတို့ဒါကို ဆက်လုပ်ဖို့ မလိုတော့ဘူးထင်ပါတယ်”လို့အကြီးမလေးက ဆိုခဲ့ပါတယ်။ Vanoverကလည်း သူမထိုအပြစ်တွေကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အသက်၆၇နှစ်အရွယ်Tommy Woodallဟာ Vanoverရဲ့ကလေးတွေကို ပုံမှန်လာသူလည်းဖြစ်ပါတယ်။

သူ့ကိုတော့ကလေးသူငယ်များကိုလိင်စော်ကားမှုနဲ့ထောင်ဒဏ်၁၆နှစ်ချမှတ်ခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ အသက်၆၅နှစ်အရွယ် Donnie Carterဖြစ်ပါတယ်။ သူ့ကိုလည်း တရားရုံးကထောင်ဒဏ် ၁၆နှစ်ချမှတ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ Vanoverကတော့ ထောင်ဒဏ်အနှစ်၂၀ ကျခံရမှာဖြစ်ပါတယ်။

Thomas ‘Tommy’ Woodall

Donnie Carter

 Credit: Shwemom



Follow us on