1. Home
  2. Special or Others

ကိတ်တွေနေ့တိုင်းစားရုံနဲ့ ဝင်ငွေရနေသူ

Special or Others มิ.ย. 10, 2559 view 1,622

ဒီအလုပ်ကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ် ပါ။ Lincoln မြို့မှာနေထိုင်တဲ့ အသက်၂၄နှစ်အရွယ် Ed Sowerby ဟာ တစ်နေ့တစ်နေ့ ကိတ်တွေပဲ စားနေရပြီး ကိတ်အသစ်တွေလုပ်ဖို့ အိုင်ဒီယာတွေ စဉ်းစားရပါတယ်။ သူ့ရဲ့ ရာထူးနာမည်က Product Development Manager ဖြစ်ပြီး သူ့ကိုလူတွေကနာမည်ပြောင်ပေးထားတာက တော့ ကိတ်ဘုရင်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့နေ့စဉ်အလုပ်က ကိတ်တွေနေ့တိုင်းစားရတာပါ။ တစ်ခါတစ်လေ နိုင်ငံခြားကို သွားလည်ပြီး အခြားနိုင်ငံက ကိတ်တွေကိုလည်း စားရပါတယ်။ ပြီးတော့ ဘယ်လိုကိတ်တွေလုပ်မလဲဆိုတာ စဉ်းစားရပါတယ်။ သူဟာ အစားအသောက်သိပ္ဗံဘွဲ့ရထားတာဖြစ်ပြီး ကိတ်မုန့်ကျွမ်းကျင်စွာ ဖုတ်တတ်သူလည်း ဖြစ်ပါတယ်။

သူကအခု လောလောဆယ်မှာ Asda အတွက်အလုပ်လုပ်ပေးနေပြီး Celebration Cake အပိုင်းအတွက် တာဝန်ယူထားပါတယ်။ ဇွန်လတစ်လအတွင်းမှာ ကိတ်ပေါင်း ၇၀၀၀၀ လောက်ရောင်းထွက်ဖို့ ခန့်မှန်းထားပါတယ်။ Ed ဟာ စားသုံးသူတွေအပေါ် လွှမ်းမိုးမှုရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူက တစ်နှစ်ကို ကိတ်အသစ်အိုင်ဒီယာပေါင်း ၁၅၀လောက် စဉ်းစားပါတယ်။ သူ့ရဲ့နောက်ဆုံး အိုင်ဒီယာက Georgie the Corgi ပဲဖြစ်ပါတယ်။ဘုရင်မကြီးရဲ့နှစ်(၉၀)ပြည့်အတွက်ရည်မှန်းထားတာလည်းဖြစ်ပါတယ်။သူ့အလုပ်ကတော့ ရှယ်ပဲနော်။Credit:Shwemom



Follow us on