1. Home
  2. Movie Stars - Celebrity

“Pacific Rim 2” အက်ရှင်ကားတွင် ပါဝင် သရုပ် ဆောင်သွားမည် Star Wars မင်းသား John Boyega

Movie Stars - Celebrity มิ.ย. 10, 2559 view 1,549

Star Wars မင်းသား John Boyega မကြာမီထုတ်လွှင့်ပြသမည့် အက်ရှင်ရုပ်ရှင်ကား “Pacific Rim” ဒုတိယမြောက်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိ လန်ဒန်နွယ်ဖွား မင်းသာ John Boyega သည် ၂၀၁၃ ခုနှစ် မူရင်း ရုပ်ရှင်ကားတွင် မင်းသား အက်ဒရစ်အယ်လ်ဘာ သရုပ်ဆောင်ခဲ့သော ဇာတ်ကောင် စတက်ကာ ပန်တီကို့စ်၏ သားအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း Deadline တွင် ဇွန် ၆ ရက်က ဖော်ပြထားသည်။ “Pacific Rim 2” ရုပ်ရှင်ကားကို ဒါရိုက်တာ စတီဗင်အက်စ် ဒက်ခ်နိုက်က ရိုက်ကူးသွားမည် ဖြစ်ပြီး Universal ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက တရုတ်နိုင်ငံမှလွဲ၍ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွား မည်ဖြစ်သည်။

“Pacific Rim” ပထမပိုင်း ရုပ်ရှင်ကားကို ၂၀၁၃ ခုနှစ် ဇူလိုင်လက ရုပ်ရှင်ရုံများတွင် ပြသခဲ့ ကြောင်းနှင့် အယ်လ်ဘာနှင့် ချာလီဟန်နမ်တို့ ပါဝင် သရုပ်ဆောင်ထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၁၁ ရရှိခဲ့သည်။ လက်ရှိအချိန်တွင် “Pacific Rim” ဒုတိယမြောက် ရုပ်ရှင်ကားကို ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်တွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။ ယခုနှစ်ကုန်တွင် ရုပ်ရှင်ကားကို စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။Credit: Mizzima 



Follow us on