1. Home
  2. Special or Others

ဂျပန်ကိုကာကိုလာက နှစ်ခြိုက်စွာအိပ်ပျော်စေသည့် သောက်ရေသန့်ကို ထုတ်လုပ်

Special or Others มิ.ย. 10, 2559 view 1,688

ကိုကာကိုလာဂျပန်က ညအချိန်တွင် ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည့် သောက်ရေသန့်ကို ထုတ်လုပ်ရောင်းချနေ သည်ဟု သိရသည်။ Glaceau Sleep Water သောက်ရေသန့်သည် ညဘက် အိပ်မပျော်သူများအတွက် ရည်ရွယ်ထုတ် လုပ်ခြင်းဖြစ်ပြီး သောက်ရေသန့်ထဲမှအ ထူးပါဝင်ပစ်္စည်းများဖြစ်သောL-Thea- nine အမိုင်နိုအက်ဆစ်တစ်မျိုးသည် စိတ် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဖိအားများကိုပြေ လျော့စေကာ အပန်းပြေစေသည်ဆို၏။

ကုမ္ပဏီက ၎င်းတို့၏သောက်ရေသန့်ကို သောက်သုံးကာအိပ်စက်ခြင်းသည် နောက် တစ်နေ့မနက်တွင် အင်အားအပြည့်နှင့် နိုးထလာစေလိမ့်မည်ဖြစ်သည်ဟု ဆိုထား သည်။ အိပ်ရာမ၀င်မီ၊ ညနေခင်းနှင့် ည ဘက်ရေချိုးပြီးချိန်တို့တွင် သောက်သုံးရမည်ဖြစ်ပြီး ကဖင်းဓာတ်ပါဝင်ခြင်းမရှိဘဲ လုံးဝအန္တရာယ်ကင်းပါကြောင်း အာမခံ ကာ ရောင်းချနေသည်ဟု သိရသည်။

Credit : pyimyanmarnews/

#မေဇွန်(OC,7.6.16)



Follow us on