1. Home
  2. Movie Stars - Celebrity

ဘ၀တွင် မိသားစုပြီးလျှင် ဒုတိယ အရေးကြီးဆုံးသူဟာ Kin Tae Hee ပါလို့ ပြောလာတဲ့ Rain

Movie Stars - Celebrity มิ.ย. 10, 2559 view 1,653

တောင်ကိုရီးယားအဆိုတော် မင်းသား Rain ဟာ အာရှ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို တရုတ် ပြည်မကြီး Macau ဒေသတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖျော်ဖြေပွဲတွင် ၎င်း၏ ဦးစားပေးအရာ များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် Ming Pao သတင်းစာက ဇွန် ၆ ရက်တွင် ဖော်ပြထားပါတယ်။

“ကျွန်တော်ဘ၀မှာ အရေးကြီးဆုံးအရာဟာ မိသားစုဖြစ်ပါတယ်။မိသားစုပြီးရင် ဒုတိယအရေး ကြီး အရာကတော့ ကျွန်တော့်ချစ်သူ Kim Tae Hee ဖြစ်ပါတယ်။ တတိယကတော့ ကျွန်တော့ကုမ္ပဏီ သူဌေး ဖြစ်ပါတယ်” ဆိုပြီးပြောသွားခဲ့ပါတယ် ။

ယခုနှစ်အကုန်တွင် ထွက်ရှိမည့် တေးအယ်လ်ဘမ်သစ်အတွက်လည်း ပြင်ဆင်လျက်ရှိ ပြီး ရုပ်ရှင်ကားတစ်ကားနှင့် ရုပ်မြင်သံကြား ဒရမ်မာ ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ရိန်းသည် မကြာသေးမီက ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “ Please Come Back Mister” တွင် ပါဝင် သရုပ်ဆောင်ခဲ့ပါသည်။Credit:Mizzima



Follow us on