1. Home
  2. Special or Others

မေလက ဂျပန်တွင် ကျင်းပခဲ့တဲ့ Ferrari ပွဲတော်

Special or Others มิ.ย. 10, 2559 view 1,664

ဂျပန်နိုင်ငံဟာ ကားအများအပြား ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမယ့် ကမ္ဘာကျော် ထိပ်တန်းပြိုင်ကားများ ထွက်ရှိရာ အရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ထူးဆန်းစွာ နာမည်ကြီးပေ့ဆိုတဲ့Ferrai ပြိုင်ကားပေါင်းစုံ စုပေါင်းပါဝင်တဲ့ ပွဲတော်ကြီးတစ်ခု အိုဆာကာမှာ ပြီးခဲ့တဲ့လပိုင်းက ကြီးကြီးကျယ်ကျယ် ကျင်းပသွားခဲ့ပါတယ်။

ချမ်းသာကြွယ်ဝသူ ပေါများတဲ့နိုင်ငံဖြစ်တဲ့အလျှောက် ကမ္ဘာကျော်ပြိုင်ကား အစုံအလင် ဈေးကွက်ရှိရာ အရပ်မို့စုပေါင်းပြပွဲများ မကြာခဏ ကျင်းပေလေ့ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း ပြိုင်ကားမျိုးစုံထဲမှ သမိုင်းကြောင်း အစဉ်အလာကြီးပြီး ယနေ့ထက်တိုင် ဂျပန်တွင်အောင်မြင်မှု ရရှိနေတဲ့Ferrari ပြိုင်ကားများ စုပေါင်းပြီး အစီအရီ ထုတ်ပြ မောင်းနှင်ပြသ သွားခဲ့တာပါ။

Ferrari စုပေါင်းပွဲတွင် စုစုပေါင်း Ferrari စူပါပြိုင်ကားအစီးရေ 100 ခန့် ပါဝင်ခဲ့ပြီး ယင်းထဲတွင် limited အဖြစ် ထုတ်တဲ့ရှားပါးကားများပါသလို ဂန္ထဝင် Ferrari များလည်းပါပြီး အလှပဆုံးဆိုသော Ferrari ဖြင့် လမ်းမတလျှောက် ပြည့်နှက်သွားခဲ့ပါတယ်။ အထင်ရှားဆုံး ဆိုလျှင်ဖြင့် ဒိတ်ဒိတ်ကျဲ ကားများဖြစ်တဲ့LaFerrari, Dino, Enzo Ferrari နှင့် အရှားပါးဆုံး ဂန္ထဝင်ကားဖြစ်တဲ့ Ferrari 750 Monza တောင် ပါဝင်ဆင်နွဲခဲ့တာပါ။

Ferrari ရဲ့စူပါကားများသာ မက ပြိုင်ပွဲဝင် Formula One ပြိုင်ကားများပင် ပါဝင်ဆင်နွဲခဲ့ပါသေးတယ်။ နိုင်ငံအနှံ့က Ferrari ပြိုင်ကား ပိုင်ရှင်များစွာ စုပေါင်းပါဝင်ခဲ့လို့ကြီးကျယ်ခမ်းနားတဲ့ပွဲဖြစ်ခဲ့ပြီး လာရောက်အားပေးကြည့်ရှုတဲ့ပရိတ်သတ် သောင်းဂဏန်းထိ ရှိခဲ့ကြောင်း သိရပါတယ်။Credit:Colay News



Follow us on