ဗြိတိန်ရုပ်သံဇာတ်လမ်းတွဲ Geordie Shore ရဲ့ မင်းသမီး Marnie Simpson ဟာ လိင်တူချင်းတစ်ခါမှ အတူမနေခဲ့ဖူးသေးပေမဲ့ မိန်းကလေးတွေကို စိတ်ဝင်စားကြောင်း ပြောခဲ့တာပါ။ "ကျွန်မ မလုပ်ဖူးသေးတဲ့အရာတစ်ခုပါ။ ယောက်ျားတွေနဲ့ တွဲခဲ့ဖူးတယ်။ နောက်တစ်ခါဆိုရင်တော့ မိန်းကလေးတစ်ယောက်ကို တွဲဖြစ်မယ်" လို့ သူမက ဆိုပါတယ်။
အဲဒီအတွက် သူမ တကယ့်ကို အလေးအနက်ထားတယ်လို့ ပြောခဲ့ပါတယ်။ " ကျွန်မလုပ်မယ်ဆိုရင် အပျော်သက်သက် လုပ်မှာမဟုတ်ပါဘူး။ အလေးအနက်ဖြစ်လိမ့်မယ်" လို့ Marnie Simpson က ပြောပါတယ်။ သူမဟာ အသက် ၁၉ နှစ်အရွယ်ကတည်းက လိင်နှစ်မျိုးစလုံးကို စိတ်ဝင်စားခဲ့တာဖြစ်ပေမဲ့ သူမစိတ်ကို ရေရေရာရာ မသိခဲ့ဘူးလို့လည်း သူမက ဆိုခဲ့ပါတယ်။ Credit: Duwun