1. Home
  2. Movie Stars - Celebrity

လက်သီးနဲ့ အထိုးခံလိုက်ရတဲ့ Bieber

Movie Stars - Celebrity มิ.ย. 13, 2559 view 1,634

အိုဟိုင်းအိုးပြည်နယ် Cleveland မြို့ကို ဂျေဘီရောက်နေစဉ်မှာ အခုလို အချင်းများခဲ့ကြတာဖြစ်ပါတယ်။ Cleveland မြို့လယ်က ဂျေဘီတည်းခိုတဲ့ ဟိုတယ်အပြင်ဘက်မှာ ဇွန်လ ၉ ရက် ည ၁၁ ကျော်အချိန်မှာ အဲဒီလူက ဂျေဘီရဲ့ ခေါင်းကို လက်သီးနဲ့ ထိုးလိုက်ပါတယ်။ ဂျက်စတင်ကလည်း အဲဒီလူရဲ့ မျက်နှာကို ပြန်ထိုးလိုက်ပါတယ်။

အဲဒီမှာ သူတပြန် ကိုယ်တပြန် ထိုးကြိတ်ကြတော့တာပါပဲ။အဲဒီလို ရန်ဖြစ်ကြတဲ့ ဗီဒီယိုဖိုင်ကို TMZ သတင်းဌာနမှလည်း ဖော်ပြထားပါတယ်။ ရန်ပွဲဖြစ်ပြီးနောက် ဆယ်ဖီမှာတော့ JB ရဲ့ မျက်နှာမှာ ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရတဲ့အတွက် ပရိသတ်က ဝမ်းသာနေကြပါတယ်။ အနီးအနားမှာ လူတွေ ရပ်ကြည့်နေကြပြီး သူတို့ကို ဖြန်ဖြေဖို့လည်း ကြိုးစားကြပါတယ်။

ဒါပေမဲ့ မြေပေါ်လဲကျသွားကြပြီးမှပဲ ရန်ပွဲက အဆုံးသတ်သွားခဲ့ပါတယ်။ ရန်ပွဲက ဘယ်ကနေ ဘယ်လိုစဖြစ်တယ်ဆိုတာ မသိရပါဘူး။ ဂျေဘီက အဲဒီမြို့ကို NBA Finals (ဘတ်စကက်ဘောပွဲ) ကြည့်ဖို့ ရောက်နေတာ ဖြစ်ပါတယ်။Credit: Duwun



Follow us on