1. Home
  2. Myanmar News

ကမ္ဘာကျော်သွားတဲ့ ကြက်ကာလသားချက်

Myanmar News มิ.ย. 13, 2559 view 1,595

ဒီတခေါက် မြန်မာပြည်ကိုလာတဲ့ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းကို ဧည့်ခံလိုက်တဲ့ မြန်မာ့ရိုးရာ အစားအစာတခုဖြစ်တဲ့ ကြက်ကာလသားချက်ဟာ အခုတော့ မီဒီယာတွေကြောင့် အများသိ ကမ္ဘာကျော်သွားခဲ့ပြီး ဒီအစားအစာတွေကို စားခဲ့ရတဲ့ စင်ကာပူ ၀န်ကြီးချုပ်နဲ့ အဖွဲ့တွေဟာ စင်ကာပူကနေတောင် အဲဒီ Menu Set ကို သင်္ဂဟဟိုတယ်ဆီကို လှမ်းမှာလို့ ပို့ပေးနေရတဲ့ အဆင့်ဖြစ်သွားခဲ့ပါပြီ။ စင်ကာပူ ၀န်ကြီးချုပ်လာရင် မြန်မာ့ရိုးရာ အစားအစာနဲ့ပဲ ဧည့်ခံရမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကူးကြောင့် ဒီအစားအစာဟာ ကမ္ဘာသိ၊ အများသိ ဖြစ်ခဲ့ရပါတယ်။ ကြက်ကာလသားချက်ကို ချက်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့ အရသာ ရသည်အထိ အမြည်းချက်ပြပေးခဲ့ရပြီး ဘူးသီးဆို ရင်လည်း စိမ်းနေဖို့၊ ကာလသားချက်ကိုလည်း ရေအများကြီး မြှပ်မနေဖို့အထိ အသေးစိတ်ကအစ မြန်မာခေါင်းဆောင်က ညွှန်ကြားခဲ့တာပါ။

လစ်ပတန်တီးဆိုရင်လည်း စင်ကာပူ ၀န်ကြီးချုပ်ကို တိုက်ချင်တဲ့ လဖ္ဘက်ခြောက်က လန်ဒန်အထိ လှမ်းမှာရမှာ ဖြစ်ပြီး အချိန်မရလို့ ရှမ်းပြည်နယ်က လဖ္ဘက် ခြောက် တမျိုးကို နှမ်းဖြူနဲ့လှော်ပြီးခပ်တဲ့ လဖ္ဘက်ရည်ပုံစံမျိုး ဧည့်ခံခဲ့တာကလည်း စင်ကာပူ ၀န်ကြီးချုပ်ကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပေါက်သွားတဲ့ Menu ကြောင့် မကြာခင် လာမယ့် မွန်ဂိုလီးယား သမ္မတကိုလည်း ဘယ်လိုဧည့်ခံမလဲဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။

Credit : https://www.facebook.com/theirrawaddyburmese/



Follow us on