1. Home
  2. Myanmar News

ဘိုကလေး၌ ရေစပ်အနီး ဘဲစာကျွေးစဉ် မိကျောင်းကိုက်၍ အမျိုးသမီးတစ်ဦးသေဆုံး

Myanmar News มิ.ย. 13, 2559 view 1,758

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာအုပ်စု ဆင်အိုင် ကျေးရွာ၌အမျိုးသမီးတစ်ဦးကို မိကျောင်း ကိုက်ချီသွားသည်။ ယင်းကျေးရွာ၌ နေထိုင်ပြီး လယ်ယာလုပ် ဘဲမွေးသူ ကိုဇော်မင်းနိုင် ၏ ဇနီး မခိုင်ခိုင်ဦး(၂၉ နှစ်)သည် ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ချောင်းထဲ ရေစပ်အနီး ဘဲခြံတွင် ဘဲစာကျွေးပြီး ဘဲစာပုံးကို ရေစပ်သို့ ဆင်းအဆေးတွင် မိကျောင်းကိုက်ချီသွားခြင်းဖြစ်သည်။ ယခုကဲ့သို့ မိကျောင်းကိုက်မှု ဖြစ်စဉ် မျိုး နှစ်စဉ်ဖြစ်ပွားခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် ရွှေပြည်အေးကျေးရွာမှ တတိယတန်း ကျောင်းသားတစ်ဦးနှင့် ၂ဝ၁၄ ခုနှစ် တွင်လည်း ဆတ်ကျွန်းရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး တစ်ပါး၊ ၂ဝ၁၅ ခုနှစ်တွင် ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ ကိုကုလားကြီးတို့ မိကျောင်းကိုက်ခံခဲ့ရသည်။

သို့ဖြစ်၍ သတိပြုနေထိုင်ရန်လိုကြောင်း ယင်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ဘိုကလေးမြို့ မိန်းမလှကျွန်း သဘာဝဝန်းကျင်နှင့် သားငှက်တိရ္ဆာန် ထိန်းသိမ်းရေးဌာနမှလည်း ယခင်နှစ် ကတည်းက မိကျောင်းအ္တရာယ်ရှိသည်၊ ရေထဲမဆင်းရ ဆိုင်းဘုတ်များ စိုက်ထူ ထားကြောင်း သိရသည်။ မိကျောင်း ကိုက်ချီခံရသူတွင် သား ယောက်ျားလေးနှစ်ဦး ကျန်နေခဲ့ရာ သား အကြီးလေးမှာ သုံးနှစ်ကျော်ရှိပြီး အငယ် လေး မှာ ၄၈ ရက်သား ကလေးဖြစ်သည်။

Credit : http://www.thithtoolwin.com/



Follow us on