Katie Price က သူ့ရဲ့ ထုတ်ဖယ်လိုက်တဲ့ ရင်တုကို လေလံပစ်မယ်လို့လည်း ဆိုပါတယ်။ Katie Price ဟာ သူမရဲ့ ပရိသတ်ကြီးကို အမြဲတမ်း အချိန်နဲ့ တပြေးညီ ပြောပြနေသူဖြစ်ပြီး အခုလည်း ရင်တုကို ဖယ်ထုတ်ပြီးပြီးချင်း အင်စတာဂရမ်ကနေ သူမရဲ့ဓာတ်ပုံ ကို မျှဝေလိုက်ပြန်ပါတယ်။
ကလေး ၅ ယောက်ရဲ့မိခင်ဟာ ဆေးခန်းမှာ ရောက်နေစဉ်က စားပွဲပေါ်မှာ သူမရဲ့ ရင်တုကို တင်ထားတဲ့ ဓာတ်ပုံအပါအဝင် ပုံအချို့ တင်ခဲ့ပါသေးတယ်။
ဧပြီလတုန်းက သူမဟာ သူမရဲ့ရင်တုကို ပေါင် ၁၀ သိန်းနဲ့ ရောင်းချင်ကြောင်း တွစ်တာမှာ တင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ပရိသတ်က ဧပရယ်ဖူးလ်လုပ်တယ်လို့ ထင်ခဲ့ကြပေမဲ့ နောက်နေ့မှာ အဲဒီကမ်းလှမ်းမှုက တကယ်ဖြစ်ကြောင်း သူမက ထပ်မံ ကြေညာခဲ့ပါသေး တယ်။ Credit:Duwun