1. Home
  2. Special or Others

iPhone လိုချင်တဲ့အမျိုးသမီးက အဝတ်တွေချွတ်ပြီး တစ်ကိုယ်လုံး ဒီဇယ်နဲ့သုတ်ပြ

Special or Others มิ.ย. 13, 2559 view 1,735

ရုရှားနိုင်ငံ Krasnoyaarsk မြို့တော်မှာ လမ်းသွားလမ်းလာ အမျိုးသမီးငယ်တစ်ဦးဟာ iPhone လိုချင်တဲ့အတွက် အဝတ်တွေကိုချွတ်ပြခဲ့ပါတယ်။ လူတွေရဲ့စမတ်ဖုန်းစွဲလမ်းတောင့်တမှုကို စမ်းသပ်ချင်တဲ့ ဘလော့ဂါတစ်ဦးဟာ လမ်းပေါ်မှာ သွားလာနေတဲ့ အမျိုးသမီးတွေကို ခုလိုချဉ်းကပ် ကမ်းလှမ်းခဲ့တာပါ။ အမျိုးသမီးတစ်ဒါကျော်ကို iPhone 5S နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။

iPhone လိုချင်တဲ့ Ksenia ကတော့ ဘလော့ဂါနဲ့ သူငယ်ချင်းနှစ်ဦးရဲ့ရှေ့မှာတင်ပဲ အဝတ်တွေချွတ်ကာ ဒီဇယ်တွေခေါင်းပေါ်က လောင်းချပြီး တစ်ကိုယ်လုံး ဒီဇယ်နဲ့ပွတ်ပြခဲ့ပါတယ်။ ဒါကို ယင်းဘလော့ဂါက ဗီဒီယိုရိုက်ကူးထားခဲ့တာပါ။ သူမအနေနဲ့ ဗီဒီယိုရိုက်ကူးဖို့ကိုလည်း သဘောတူခဲ့ပြီး ဒါဟာ ဆိုးရွားတဲ့ကိစ္စမှမဟုတ်တာပဲလို့ ပြောပါတယ်။

Credit : mayoneyinponepyinmat/

မူရင်း - http://www.duwun.com.mm/news/odd/iphone-id5137407.html



Follow us on