ရာနဲ့ချီတဲ့လူတွေဟာ ကိုယ်လုံးတီးနဲ့ စက်ဘီးစီးပြီး မနေ့က လန်ဒန်မြို့ကိုပတ်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ကားတွေ၊ လောင်စာဆီတွေအပေါ်အားကိုးတဲ့ ယဉ်ကျေးမှုကို တိုက်ဖျက်ဖို့ပဲဖြစ်ပါတယ်။ World Naked Bike Rideလို့အမည်ရတဲ့အဖွဲ့ဟာ လန်ဒန်မြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ Piccadilly Circus နဲ့ Big Benတို့ကိုဖြတ်ပြီး ကိုယ်လုံး တီးနဲ့စက်ဘီးပတ်နင်းခဲ့ပါတယ်။အချို့စက်ဘီနင်းသူတွေဟာခန္ဓာကိုယ်မှာ ဆေးတွေလည်းသုတ်ထားပါတယ်။
ဒီလိုမျိုး ၂၀၀၄ခုနှစ်ထဲက နှစ်စဉ်လှုပ်ရှားခဲ့ တာဖြစ်ပါတယ်။ ကားတွေ အသုံးများပြီး လောင်စာဆီတွေကြောင့် ကမ္ဘာကြီးပူနွေးလာတာကို ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားတာလည်းဖြစ်ပါတယ်။ဒီလှုပ်ရှားမှုရဲ့တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်မှာ “စက်ဘီးတွေစမထွက်မီတော့ ကိုယ်လုံးတီးမချွတ်ပါနဲ့။ ရဲတွေနဲ့ ပြဿနာတက် မှာစိုးလို့ပါ။”လို့ကြိုတင်သတိပေးခဲ့ပါတယ်။
စက်ဘီးစီးသူတစ်ယောက်ကတော့ ကျောကုန်းပေါ်မှာ “ခံန္ဓာကိုယ်က အဆီ တွေကိုရှို့ပါ။ လောင်စာဆီတွေကိုမရှို့ပါနဲ့”လို့ရေးသားခဲ့ပါတယ်။လောင်စာဆီနဲ့ ပက်သက်ပြီး ကမ္ဘာတစ်လွှားမှာလည်း ဒီလိုမျိုးတက်ကြွလှုပ်ရှားမှုတွေ ရှိလာခဲ့ကြတာ ဖြစ်ပါတယ် ။ ကမ္ဘာကြီးပူနွေးလာတာကိုလျှော့ဖို့ဆိုတာ အားလုံးတက်ညီလက်ညီ လှုပ်ရှားမှ ရမှာဖြစ်ပါတယ်။