1. Home
  2. Movie Stars - Celebrity

အသတ်ခံလိုက်ရတဲ့ သူငယ်ချင်း Christina အတွက် ငိုကြွေးခဲ့တဲ့ Selena

Movie Stars - Celebrity มิ.ย. 14, 2559 view 1,584

ဇွန်လ ၁၀ ရက်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ ပရိသတ်တစ်ဦးက ပစ်သတ်ခဲ့တဲ့အတွက် အဆိုတော် Christina Grimmie သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပြီး နာရီအနည်းငယ် အကြာမှာ ပြုလုပ်တဲ့ Selena ရဲ့ ရှိုးပွဲမှာ "Nobody" ဆိုတဲ့သီချင်းကို သူငယ်ချင်းအတွက် သီဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"သူ့အသက် ၁၄ နှစ်မှာ ကျွန်မတို့ ဆုံခဲ့ကြတယ်။ သူမဟာ ဘာသာတရား အရမ်းကိုင်းရှိုင်းတယ်။ ဒါဟာ ဘာသာတရားနဲ့မဆိုင်ပါဘူး။ သူမဟာ ယုံကြည်ကိုးကွယ်မှုရှိတယ်ဆိုတာ သက်သက်ပါပဲ။ ဘယ်လိုဖြစ်သွားသလဲ ကျွန်မနားမလည်ဘူး။ ဒါပေမဲ့ ဒီသီချင်းကိုတော့ သူ့အတွက် ရည်ရွယ်ပြီး ဆိုချင်ပါတယ်" လို့ သူမက ပြောခဲ့ပါတယ်။

Selena ဟာ Christina အတွက် သီချင်းသီဆိုချိန်မှာ မျက်ရည်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့တာကို မြင်တွေ့ရပါတယ်။ "ငါ့ရဲ့နှလုံးသားတွေ ကွဲကြေနေရတယ်။ ငါ နင့်ကို လွမ်းတယ် Christina " လို့လည်း Selena က တွစ်တာမှာ ရေးသားပြီး သူတို့နှစ်ဦး အတူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။Credit:Duwun



Follow us on