1. Home
  2. Movie Stars - Celebrity

အမေရိကန်အမျိုးသားတွေရဲ့ အိပ်မက်နတ်သမီး

Movie Stars - Celebrity มิ.ย. 14, 2559 view 1,562

အမေရိကန်အမျိုးသားတွေရဲ့ အိပ်မက်နတ်သမီးလို့ နာမည်ကြီးသူ လုံးကြီးပေါက်လှ မော်ဒယ်လည်းဖြစ် မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ ကိတ်အပ်တန်ဟာ မီရှီဂန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး နာမည်အပြည့်အစုံကတော့ Katherine Elizabeth Upton ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်မှာ Elite မော်ဒယ် အဖွဲ့အစည်းကနေပြီး စတင်ခေါ်ယူခဲ့တဲ့ သူမဟာ အနုပညာလောကကို မော်ဒယ်တစ်ဦးအဖြစ် ခြေလှမ်းစတင်ခဲ့သူပါ။နောက်ပိုင်းမှာတော့ ကိတ်ဟာ Vogue, Cosmopolitan, Elle နဲ့ GQ Magazine တွေရဲ့မျက်နှာရှင်အဖြစ် ရွေးချယ်ဖော်ပြခံရတဲ့အထိ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။သူမဟာ ဘာသာရေး ကိုင်းရှိုင်းလွန်းသူတစ်ဦးလည်းဖြစ်ကာ လက်ရှိမှာတော့ နာမည်ကြီး ဘတ်စကတ်ဘော ကစားသမား တစ်ယောက်နဲ့ စေ့စပ်ထားပြီး ဖြစ်ပါတယ်။

Tower Heist, The Three Stooges ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Other Woman ဟာသအိမ်ထောင်ရေး ဇာတ်ကားမှာတော့ မင်းသမီးကြီး ကင်မရွန် ဒီးယာ့ဇ်၊ မင်းသမီးကြီး လက်စလီ မန်း၊ အဆိုတော် နစ်ကီ မနာ့ဂ်ျ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။၂၀၁၆ ခုနှစ်မှာတော့ ကိတ် ပါဝင်သရုပ်ဆောင်ထားတဲ့ The Layover နဲ့ The Masterpiece ရုပ်ရှင်ဇာတ်ကားတွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ကိတ်ဟာ မော်ဒယ်ပိုင်းနဲ့ပတ်သက်ပြီး ဆုတွေပိုင်ဆိုထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန် မင်းသမီးချော ကိတ်အပ်တန်ကို ၁၉၉၂ ခုနှစ် ဇွန်လ ၁၀ ရက်မှာ မွေးဖွားခဲ့ပါတယ်။

Credit : http://www.duwun.com.mm/



Follow us on