1. Home
  2. Special or Others

ကွေးညွှတ်နိုင်သော စမတ်ဖုန်းနှင့် tablet များကို Lenovo မိတ်ဆက်ပြသ

Special or Others มิ.ย. 14, 2559 view 1,628

ကြာသပတေးနေ့က ကျင်းပပြုလုပ်ခဲ့သော Lenovo ၏ Tech World ကွန်ဖရင့်စ်တွင် ကုမ္ပဏီက ကွေးညွှတ်နိုင်သည့် စမတ်ဖုန်းများနှင့် tablet များကို မိတ်ဆက်ပြသခဲ့သည်။ Lenovo မှ မိတ်ဆက်ပြသခဲ့သော ကွေးညွှတ်နိုင်သည့် ထုတ်ကုန်များတွင် သုံးစွဲသူ၏ လက်၌ နာရီကဲ့သို့ ပတ်ထားနိုင်မည့် စမတ်ဖုန်းများနှင့် အလယ်မှခေါက်ပြီး ဖုန်းပြောဆိုမှုပြုလုပ်နိုင်သော tablet တို့ ပါဝင်သည်။ ၎င်းထုတ်ကုန်များတွင် ကွေးညွှတ်နိုင်သော screen သာမက motherboard များနှင့် ဘက်ထရီများကဲ့သို့ ကွေးညွှတ်နိုင်သည့် hardware အစိတ်အပိုင်းများကို အသုံးပြုထားကြောင်း Lenovo ၏ စီနီယာဒုဥက္ကဋ္ဌနှင့် နည်းပညာအရာရှိချုပ်ဖြစ်သူ ပီတာဟော်တန်ဆီယပ်စ်က ပြောကြားခဲ့သည်။

ကွေးညွှတ်နိုင်သော အီလက်ထရွန်နစ်ထုတ်ကုန်သစ်များ၏ အမည်များနှင့် ဖြန့်ချိရောင်းချဖွယ်ရှိသည့် အချိန်တို့ကို Lenovo မှ ကြေညာခဲ့ခြင်းမရှိသော်လည်း အဆိုပါထုတ်ကုန်များသည် လက်ရှိ သာမန်ဖုန်းနှင့် tablet များထက် အနည်းငယ်ဈေးကြီးနိုင်ကြောင်း ဟော်တန်ဆီယပ်စ်က ဆိုခဲ့သည်။ Lenovo ၏ ကွေးညွှတ်နိုင်သော စမတ်ဖုန်းနှင့် tablet တို့၏ အချက်အလက်များမှာ ကွန်ဖရင့်စ်အပြီးတွင် ထွက်ပေါ်လာဖွယ်ရှိသည်။ Lenovo ၏ ကြေညာချက်သည် ၂၀၁၇ အစောပိုင်းတွင် အသုံးပြုနိုင်ဖွယ်ရှိသည့် ကွေးညွှတ်နိုင်သော စမတ်ဖုန်းများကို Samsung မှ ပြသခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Credit : mayoneyinponepyinmat/

သတင်း / ဓာတ်ပုံ - Internet Journal



Follow us on