1. Home
  2. Special or Others

၂၁ရာစု ဆင်ယင်မှုအထူးပြုပြင် အလှသဘင် ပြပွဲ ပြုလုပ်မည်

Special or Others มิ.ย. 15, 2559 view 1,690

ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မယ့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ အမျိုးသမီးရေရာ အဖွဲ့ချုပ်မှ ကြီးမှူးပြီး "၂၁ ရာစုဆင်ယင်မှုအထူးပြုပြင်အလှသဘင်" ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲကြီးကို ဇူလိုင်လ(၁)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွဲလက်မှတ်များကိုလည်း ဇွန်လ (၂၅)ရက်နေ့မှစတင်ကာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"၂၁ရာစုပြောင်းလဲတီထွင် ရိုးရာအဆင်" ဝတ်စားဆင်ယင်မှု ထုံးဖွဲ့များ၊ ခေတ်ပြောင်းခေတ်လွဲသံစဉ်အတွဲ တေးသံချိုချိုများ၊ ဆန်းသစ်ဝေစီရွှေပန်းချီနှစ်ပါးသွား အက အလှ ဟာသများကို ဒါရိုက်တာ ဒေါ်မြတ်မြတ်ဦးမှ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

John Lwin (Star Event Production) နှင့် ဟာသ သရုပ်ဆောင်ဒိန်းဒေါင်တို့မှ အစီစဉ်များကို ပါဝင်ကူညီတင်ဆက်သွားမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

Credit:Duwun



Follow us on