1. Home
  2. Special or Others

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူများ အရက်သောက်သုံး ပါက ရောဂါပိုမိုဆိုးဝါးနိုင်

Special or Others มิ.ย. 15, 2559 view 1,710

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူများ အရက်သောက်သုံး ပါက ရောဂါပိုမိုဆိုးရွားနိုင်သောကြောင့် အရက်သောက်သုံးခြင်း ကို ရှောင်ကြဉ်သင့်ကြောင်း သိရှိရသည်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူများသည် နာတာရှည်ရောဂါပိုး သယ်ဆောင်ထားသူများဖြစ်ကြပြီး အရက်သောက်သုံးခြင်းဖြင့် ရောဂါကို ပိုမိုဆိုးဝါးစေနိုင်မည်ဖြစ်ကြောင်းသိရသည်။ ‘‘ဘီပိုး၊ စီပိုးရှိသူတွေက နာတာရှည်အသည်းရောဂါပိုးတွေကို သယ်ဆောင်သူတွေဖြစ်လို့ အရက်သောက်ရင် ရောဂါပိုဆိုးသွားနိုင်ပါတယ်။ အရက်က နဂိုတည်းက အသည်းကိုဒုက္ခပေးပါတယ်။ ဆေးလိပ်မသောက်၊ ကွမ်း မစားတာလည်းကောင်းပါတယ်’’ဟု ပဲခူးပြည်သူ့ဆေးရုံကြီး မှ ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးဝင်းဌေးကပြော သည်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူများသည် သန့်ရှင်းလတ်ဆတ်သော အစားအစာများ၊ အသား၊ ငါး၊ ဟင်း သီးဟင်းရွက်၊ အသီးအနှံများ စားသုံးရန် လိုအပ်ကြောင်းလည်း သိရသည်။

“ကျွန်တော့်မှာ အသည်းရောင်အသားဝါဘီပိုးရှိပါတယ်။ ဒါပေမဲ့ သေချာမကုသဖြစ်ပါဘူး။ အရက်လည်း သောက်လေ့ရှိတယ်။ တစ်ခါတလေမှာတော့ ဗိုက်အောင့်တာတွေတော့ ခံစားရပါတယ်။ မတည့်မှန်းသိပေမယ့်လည်း မဖြတ်နိုင်တော့ သောက်မိတာပါပဲ” ဟု တောင်ဒဂုံမြို့နယ်တွင်နေထိုင်သည့် လူငယ်တစ်ဦးကပြောသည်။ ထို့အပြင် အသည်းရောင်အသားဝါဘီပိုး၊ စီပိုးရှိသူများသည် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ရှား သင့်ပြီး အလွန်အမင်းပင်ပန်းခြင်း မရှိသည့် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

Credit : https://www.facebook.com/News.TheLadies/?fref=nf



Follow us on