1. Home
  2. Special or Others

ကြောင်လေးတွေရှိတဲ့ ကော်ဖီ ဆိုင်

Special or Others มิ.ย. 15, 2559 view 1,725

၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကြောင်တွေနဲ့ အတူ ဆော့ကစားရင် ကော်ဖီသောက်လို့ ရတဲ့ ဆိုင်ဟာ ခုဆိုရင် အတော်နာမည်ကြီးနေပါပြီ။ ဆိုင်ထဲမှာ ကြောင်အကောင်ရေ ၅၈ ကောင်ထားရှိထားပြီး ကြောင်လေးတွေ အားလုံးကလည်း အတော်လေး ချစ်စရာကောင်းပါတယ်။

ဆိုင်ကို လာပြီး ကော်ဖီသောက်တဲ့ ဧည့်သည်တွေဟာ ကြောင်လေးတွေကို ပွေ့ဖက်နိုင်ပါတယ်။ ဆော့နိုင်ပါတယ်။ဒီလို ကြောင်လေးတွေနဲ့ အတူနေရတဲ့ အတွက်ကြောင့် ကော်ဖီသောက်နေစဉ် အတော်အတွင်းမှာ စိတ်ဖိစီးမူလည်း ပြေလျော့စေနိုင်ပါတယ်။ ထိုဆိုင်ကဲ့သို့လည်း အခြားသော စင်္ကာပူ၊ ကိုရီးယား၊ ထိုင်ဝမ် စတဲ့နိုင်ငံတွေမှာလည်း ရှိကြောင်း သိရပါတယ်။

ကမ္ဘာ့ ပထမဆုံး ဆိုင်ကတော့ ၁၉၉၈ ခုနှစ်က ထိုင်ဝမ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ဖြစ်ကြောင်း သိရပါတယ်။ ကြောင်ချစ်တဲ့ သူတွေအဖို့ အလွန်မှ ပျော်စရာ ကောင်းမှာ အသေအချာ ဖြစ်ပါတယ်။

Credit:YoYarlay



Follow us on