
chris brown ဟာ ရဲစခန်းအတွင်း ၎င်းကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို Instagram တွင် ပထမဆုံးအကြိမ် တင်ခဲ့ပါတယ်။
”ကျွန်တော်တို့ အမ်စတာဒမ်မှာပါ။ အခုကျွန်တော်တို့ ရဲစခန်းမှာပါ။ လိုင်စင်နံပါတ်ပြားမပါရှိဘဲ ဆိုင်ကယ်တွေ မစီးနင်းရဘူး” ဟု chris brown ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ဆိုင်ကယ်တွေကို ၀ယ်လာခဲ့တယ်။ တောင်းပန်ပါတယ်။ လိုင်စင်နံပါတ်ပြား နဲ့ ပတ်သက်ပြီး မေ့နေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီလိုအခြေနေကို ဖြေရှင်းရမယ်။ ရဲတပ်ဖွဲ့တွေ က ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ အရမ်းကို တော်ပါတယ်” လို့လဲပြောကြားထားပါတယ်။
chris brown ဟာ လက်ရှိအချိန်မှာ ဥရောပတွင် ကမ္ဘာလှည့်ဖျော်ဖြေရေးကို လုပ်ဆောင်လျက် ရှိပြီး ဇွန်၁၁ရက်က အမ်စတာဒမ်မြိ့ရှိ Ziggo Dome မိုးလုံလေလုံ အားကစားခန်းမတွင် ဖျော်ဖြေခဲ့ ပါသည်။ ဇွန် ၁၂ ရက်ညတွင် လူဇင်ဘက်ရှိ Rockhal ခန်းမတွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ဇွန် ၁၅ ရက်တွင် အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့တွင် ဖျော်ဖြေပေးသွားမည် ဖြစ်သည်။
Credit:Mizzima
comment