1. Home
  2. Myanmar News

ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့ကြီးများတွင် မိုင်းခွဲမည်ဟူသော သတင်းကြောင့် လုံခြုံရေးများ တိုးမြင့်ထား

Myanmar News มิ.ย. 16, 2559 view 1,553

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့ကြီးများ၌ မိုင်းခွဲမည်ဟူသော သတင်းများကြောင့် လားရှိုးမြို့အပါအ၀င် ခရိုင်မြို့များတွင် လုံခြုံရေးများ တိုးမြှင့်ထားပြီး မိုင်းရှာဖွေမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။ “ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မြို့ကြီးတွေမှာ မိုင်းခွဲမယ်ဆိုတဲ့ သတင်းတစ်ခု ရထားပါတယ်။ လားရှိုးအပါအ၀င် ခရိုင် (၆) ခုလုံးကို မိုင်းရှာဖွေရေး၊ မိုင်းသတိရှိရေး လုပ်ထားပါတယ်။ လားရှိုးမှာတော့ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်။ ညဘက်မှာ မော်တော်ယာဉ်လှည့်ကင်း၊ ဆိုင်ကယ်လှည့်ကင်းတွေ လုပ်တယ်။

စောင့်ကြည့်ကင်းတွေ ရပ်ကင်းတွေ ချထားပါတယ်။” ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး မှ ရဲမှူးကြီး အောင်မြတ်မိုး ကပြောကြားသည်။ အဆိုပါ မိုင်းခွဲမည်ဆိုသည့် သတင်းကြောင့် လားရှိုးမြို့ရှိ လူစည်ကားရာ နေရာများ၊ ဈေးများ၊ အဝေးပြေးကားဂိတ်များတွင် မိုင်းရှာဖွေခြင်း၊ မိုင်းအသိပညာပေးပြောကြားခြင်း၊ လူအ၀င် အထွက်များ စောင့်ကြည့်လေ့လာခြင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

“ ရပ်ကွက်ထဲမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လှည့်ကင်းတွေ၊ ပတ်ကင်းတွေနဲ့ လှည့်နေတာ တွေ့တယ်။ လူစည်ကားတဲ့ နေရာတွေမှာရှိတဲ့ ပြည်သူတွေကိုလည်း မသကာင်္တဲ့လူတွေတွေ့ရင် အကြောင်းကြားဖို့ မှာထားတာတွေ ရှိတယ်။” ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုနေမျိုးက ဆိုသည်။ ပြည်သူလူထုအနေဖြင့် မသကာင်္ဖွယ်ရာ အထုပ်အပိုးများ၊လူပုဂ္ဂိုလ်များတွေ့ရှိပါက ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးသို့ ဖုန်းဆက်သွယ် သတင်းပေးပို့ရန် အသိပေးကြေညာထားကြောင်း သိရသည်။

Credit : http://www.news-eleven.com/



Follow us on