1. Home
  2. Myanmar News

အရက်သေစာရောင်းချခွင့် လိုင်စင်များ ကန့်သတ်ခြင်းနှင့် လိုင်စင်ကြေးတိုးမြှင့်မည်

Myanmar News มิ.ย. 16, 2559 view 1,638

အရက်သေစာ သောက်သုံးမှု လျော့ကျစေရေးအတွက် အရက်ရောင်းချခွင့် လိုင်စင်များကို အလွယ်တကူ မရရှိစေရန် လိုင်စင်ချထားပေးမှုကို ကန့်သတ်ခြင်းနှင့် လိုင်စင်ကြေးများ တိုးမြှင့်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။ “မှုးယစ်ဆေးဝါးနဲ့ အရက်သေစာ လျော့ပါးရေး၊ ဘီယာ၊ အရက်တွေကို လိုင်စင်ချပေးတာတွေ ကန့်သတ်ဖို့၊ လိုင်စင်အလွယ်တကူ မရအောင် လိုင်စင်ကြေးတွေမြှင့်ပြီးတော့ အရက်သေစာကို သောက်စားမှု ထိန်ချုပ်မှာပါ။ နောက် မူးယစ်ဆေးဝါးဟာ တစ်မျိုးသားလုံး အန္တရာယ်ဖြစ်တဲ့အပြင် လူငယ်တို့အတွက် မူးယစ်ဆေးဝါးကို ထိန်းချုပ်နိုင်ရေး အလေးပေး ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇွန် ၁၅ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဆောင်ရွက်ချက်များကို တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များထံ လမ်းညွှန်ထားပြီးဖြစ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဖွဲ့များ၏ ရက် ၁၀၀ စီမံချက်တွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး မှုးယစ်ဆေးဝါး ပပျောက်ရေး၊ အစားအသောက်နှင့် ဆေးဝါးများ ဘေးကင်းလုံခြုံရေး အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit : News.TheLadies/



Follow us on