1. Home
  2. Special or Others

ချစ်တင်းနှောဖို့ ငြင်းဆန်တဲ့ခင်ပွန်းကို သေသည်အထိ ရိုက်နှက်ခဲ့သည့် အမျိုးသမီးကို ပြစ်ဒဏ်ချမှတ်

Special or Others มิ.ย. 16, 2559 view 1,637

အိန္ဒိယမှာ ချစ်တင်းနှောဖို့ ငြင်းဆန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့တဲ့ ဇနီးသည်ဖြစ်သူကို တစ်သက်တစ်ကျွန်းကျခံဖို့ တရားရုံးက အမိန့် ချလိုက်ပါတယ်။ ဗာဟီလာလို့ အမည်ရတဲ့ အမျိုးသမီးက သူမရဲ့ခင်ပွန်းဖြစ်သူကို အတူနေကြဖို့ ပြောတဲ့အခါ ခင်ပွန်းက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ သူမစိတ်ထဲမှာ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေခဲ့တယ်လို့ ထင်ပြီး အနီးမှာရှိတဲ့ တုတ်နဲ့ ခေါင်းကို အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒဏ်ရာတွေကြောင့်ပဲ ခင်ပွန်းဖြစ်သူဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီနောက် အိမ်တံခါးကို သော့ခတ်ကာသူမကိုယ်တိုင် ရဲစခန်းသွားပြီး ဒီဖြစ်စဉ်ကို ပြောပြခဲ့တာဖြစ်တယ်လို့ Time of India သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူနဲ့ စကားများကြတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရတာဖြစ်ကြောင်း အစပိုင်းမှာ သူမ ထွက်ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းအဖြစ်မှန် ပေါ်သွားချိန်မှာတော့ လူသတ်မှုနဲ့ သူမစွဲချက်တင်ခံခဲ့ရပါတယ်။

Credit : mayoneyinponepyinmat/



Follow us on