1. Home
  2. Special or Others

ပျောက်ကွယ်နေတဲ့ မြို့ဟောင်းကို ရှာဖွေနိုင်တဲ့ နည်းပညာ တစ်ခု

Special or Others มิ.ย. 17, 2559 view 1,525

မကြာသေးခင်က ကမ္ဘောဒီးယား နိုင်ငံတောနက်ကြီး တစ်ခုအောက်မှာ LIDAR ဆိုတဲ့ နည်းပညာ ကို အသုံးပြုပြီး အလယ်ခေတ် မြို့ဟောင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ LIDAR ဆိုတာ မြေမျက်နှာ အသွင်အပြင်ကို စစ်တမ်း ကောက်ယူတဲ့ အချိန်မှာ အသုံးပြုတဲ့ အဆင့်မြင့်နည်းပညာ တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီး ဒေသပုံစံတစ်ခု အတွင်းမှာရှိတဲ့ မြေမျက်နှာသွင်ပြင် ပုံစံကို အသေးစိတ် လေ့လာသိရှိနိုင်ပါတယ်။ မြေပြင်ပေါ်ကနေ အလွယ်တကူမသိနိုင်တဲ့ မြေအောက် ဖွဲ့စည်းပုံတွေအထိ တောင် လေ့လာနိုင်ပါတယ်။

အများအားဖြင့် LIDAR ကို ရှေးခေတ် မြို့ဟောင်းတွေ ရှာဖွေတဲ့ အချိန်မှာ အသုံးပြုလေ့ရှိပါတယ်။ LIDAR နည်းပညာမှာဆိုရင် မြေပြင်တစ်ခုလုံး လေဆာ စကင်နာနဲ့ စကင်ဖတ်လိုက်ပြီး ကွန်ပျူတာ ကနေ တစ်ဆင့် အသေးစိတ် အချက်အလက်တွေကို တွက်ချက်ကာ တိကျတဲ့ မြေပုံတစ်ခု ပြုလုပ်ပါတယ်။ အန်ကောဝပ်ဘုရားကျောင်း အနီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ နဲ့ ၁၄၀၀ ကြား ကာလတုန်းက လူတွေ အခြေချနေထိုင်ခဲ့တဲ့ ပုံစံတွေကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။ တချို့မြို့ဟောင်းတွေဆိုရင် လက်ရှိ ကမ္ဘောဒီးယား နိုင်ငံ ရဲ့ မြို့တော် ဖနွမ်းပင် ထက် ပိုကြီးတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။

Credit : mayoneyinponepyinmat/

Source & Photos - www.ayesay.com.mm



Follow us on