1. Home
  2. Special or Others

ချစ်တင်းနှောခန်း ရိုက်လို့ သရဖူအသိမ်းခံလိုက်ရတဲ့ ဗြိတိန်အလှမယ်

Special or Others มิ.ย. 17, 2559 view 1,642

"ITV2 ရဲ့ Love Island ဇာတ်လမ်းတွဲမှာ ပြုလုပ်ခဲ့တဲ့ အရာများအတွက် Miss Britain အဖွဲ့က zara Holland ကို Miss Great Britain အဖြစ်ကနေ တရားဝင် ပြန်ရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်" လို့ အဖွဲ့အစည်းက တရားဝင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။

"အဖွဲ့အစည်းအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့ပါးပါးချခဲ့တာ မဟုတ်ပါဘူး" လို့လည်း အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ "လူတိုင်းက အမှားလုပ်တတ်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ zara Holland ဟာ Miss Great Britain သံတမန်တစ်ယောက်အနေနဲ့ ဒီဆုအတွက် ဖြစ်သင့်တဲ့ တာဝန်ယူမှုမျိုး မရှိခဲ့ဘူး" လို့လည်း ပြောခဲ့ပါသေး တယ်။



Follow us on