1. Home
  2. Myanmar News

မွန်ဂိုလီးယားသမ္မတအား နေ့လယ်စာဖြင့် ဒေါ်အောင်ဆန်းစုကြည် ဧည့်ခံ

Myanmar News มิ.ย. 17, 2559 view 1,672

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မွန်ဂိုလီယားနိုင်ငံသမ္မတ မစ္စတာ ဇတ်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ဂ်ျအား ယနေ့မွန်းတည့် (၁၂)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြနန်းဘုံသာလမ်းရှိ ၎င်း၏ နေအိမ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ နေ့လယ်စာ တည်ခင်းဧည့်ခံပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြသည်။

Credit : Mizzima - News in Burmese



Follow us on