1. Home
  2. Movie Stars - Celebrity

ကားအက်စီးဒင့်ဖြစ်ပြီးသေဆုံးသွားတဲ့ Anton Yelchin

Movie Stars - Celebrity มิ.ย. 20, 2559 view 1,617

Start Trekဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက်၂၇နှစ်အရွယ် ရုရုနွယ်ဖွားမင်းသားဖြစ်တဲ့ Anton Yelchin ဟာ ကားအက်စီးဒင့်ကြောင့် သေဆုံးခဲ့ပါတယ်။ သူရဲ့ကား ၂.၅တန်လေးတဲ့ Jeep Brand Cherokeeနဲ့အိမ်ကစာတိုက်ဗုံးထားတဲ့အုတ်နံရံနဲ့ကြားထဲမှာကားမှောက်ပြီးသေဆုံးနေခဲ့ပါတယ်။ကယ်လီးဖီုးနီးယားပြည်နယ် Fernando Valleyမှာ နေထိုင်သူဖြစ်ပြီး ည၁နာရီခန့်ကမှာ သူငယ်ချင်းတွေ စိုးရိမ်ပြီး လာကြည့်ရကနေ သေဆုံးနေတာကို တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာ ချိန်းထားတဲ့ rehearsal တစ်ခုကိုရောက်မလာခဲ့လို့သူငယ်ချင်းတွေကစိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။Yelchin ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီနေ့မနက်မှာ ကားအက်စီးဒင့်ကြောင့် Anton Yelchin ကွယ်လွန်ခဲ့ပြီး သူ့ရဲ့မိသားစုအနေနဲ့ အခုအချိန်မှာ Privacyလိုအပ်နေလို့ သူတို့ကိုလေးစားပေးပါ”လို့ပြောကြားခဲ့ပါတယ်။

LAPDပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Jenny Houserကတော့ “သူအမှတ်တမဲ့ ကားကိုမောင်းလိုက်ပြီး ဘက်ဂီယာဝင်နေတာကို သတိထားမိပုံမရပါဘူး။ ဒီအချက်ကနောက်က နံရံနဲ့ပြင်းပြင်းဆောင့်ပြီး သူ့ကိုသေစေခဲ့တာပါ” Yelchinဟာ ၂၀၀၆မှာ Alpha Dogဆိုတဲ့ရုပ်ရှင်နဲ့ နာမည်စရခဲ့တာပါ။

နောက်ပိုင်း Terminator Salvation, Chekov အနေနဲ့ Star Trek (2009) , Star Trek Into Darkenss (2013)တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူသေဆုံးချိန်မှာအခြားပရောဂျက်တွေအများကြီးလည်းလုပ်ကိုင်နေခဲ့ပါတယ်။ Mr Mercedesဆိုတဲ့ ရုပ်သံအစီအစဉ်ကိုလည်း ရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။

နောက်လမှာထွက်ဖို့ရှိတဲ့ Star Trek Beyondအတွက်တော့ မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးသွားခဲ့တာဖြစ်ပါတယ်။Star Trekရဲ့ Official Websiteကလည်း “Star Trekမင်းသား Chekovဟာ ဒီနေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အတွက် Star Trek.com အနေနဲ့ အလွန်ဝမ်းနည်းမိပါတယ်”လို့ရေးသားခဲ့ပါတယ်။ သရုပ်ဆောင်ဖော်၊ သရုပ်ဆောင်ဖက်နာမည်ကြီးတွေကလည်း တွစ်တာပေါ်မှာ ဝမ်းနည်းကြောင်းရေးသားခဲ့ကြပါတယ်။

Credit Shwemom



Follow us on