
အသက်(17)နှစ်အရွယ်ရှိတဲ့ အင်္ဂလန်နိုင်ငံသူ Anna Giles ဟာ ထူးဆန်းတဲ့အဖျားရောဂါကို ခံစားနေရပြီး Royal London Hospital ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။ သူမရဲ့ရောဂါဟာ ဆရာဝန်တွေကို ခေါင်းရှုပ်စေခဲ့ပြီး သုံးနှစ်ကြာတဲ့အထိ အဖြေရှာမရသေးပါဘူး ။

သူမအသက်(၁၄)နှစ်သမီး အရွယ်ကတည်းက စတင်ခံစားခဲ့ရတာဖြစ်ပြီး တစ် ရက်ကို အကြိမ်(၅၀) လောက်အထိ ပျို့အန်နေခဲ့ရပါတယ်။ Anna Giles ဟာ အဲဒီရောဂါကြောင့်ပဲ ကျောင်းက ထွက်ခဲ့ရပါတယ်။ အစပိုင်းမှာ သူမရဲ့ရောဂါနဲ့ပတ်သက်ပြီး မိဘနဲ့ နီးစပ်တဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းဟာ အစာအဆိပ်သင့်ခြင်းလို့သာ ယူဆခဲ့ကြပါတယ်။
ဆေးရုံကို ရောက်တဲ့အခါမှာလည်း ဆရာဝန်တွေက ရေဓာတ်ကုန်ခမ်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယူဆကာ ဆေးပေးပြီး အိမ်ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမထူးခြားခဲ့ဘဲ ပျိုအန်မြဲဖြစ်ပြီး အနည်းဆုံး အ ကြိမ်သုံးဆယ်ခန့် ပျို့အန်ခဲ့ရပါတယ်။ တစ်ခါတလေ အန်နေရင်းနဲ့ ဆိုးဝါးလွန်းလို့ အသက်ပါ ပါသွားနိုင်တယ်လို့တောင် သူ့မိဘတွေက ဆိုခဲ့ပါတယ်။
.jpg)
ဦးနှောက်အကြိတ်စစ်ဆေးမှု၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်ရဲ့တန်ပြန်ဓာတ်မတည့်မှု ရှိမရိစတဲ့ ဆေးစစ်မှုတွေ အကြိမ်ပေါင်းများစွာ လုပ်ထားပေမယ့် အဖြေက ကောင်းမွန်နေတဲ့အတွက် လက်ရှိအချိန်ထိ ဆရာဝန်တွေဟာ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကုသရမယ်ဆိုတာ မသိသေးလို့ နားလည်တတ်ကျွမ်းတဲ့ ပါရဂူတွေရှိခဲ့ရင်လည်း လာရောက်ကူညီဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။ အဲဒီဆိုးဝါးလွန်းလှတဲ့ ရောဂါကြောင့် Anna Giles က တစ်ခါတလေ အသက်တောင် ဆက်မရှင်ချင်တော့ဘူးလို့ ဖွင့်ဟခဲ့ပါသေးတယ်။
Credit:Shwemom
comment