1. Home
  2. Myanmar News

ဆွမ်းပတ်အလှူခံထွက်ရန် စောင့်ဆိုင်းနေသူ အမျိုးသမီးငယ်ကို အိမ်ရှင်အမျိုးသားကြီးက သားမယားပြုကျင့်ခဲ့

Myanmar News มิ.ย. 20, 2559 view 1,570

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆွမ်းပတ်အလှူခံထွက်ရန် စောင့်ဆိုင်း နေသူ အမျိုးသမီးငယ်ကို အိမ်ရှင်အမျိုးသားကြီးက သားမယားပြုကျင့် ခဲ့မှုအား သက်ဆိုင်ရာက ဇွန်လ ၁၈ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။ အဆိုပါနေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်တွင်ရှိနေစဉ် အသက် ၁၄ နှစ်အရွယ်သမီးဖြစ်သူ အစားအသောက်နှင့်သွားလာလှုပ်ရှားမှု မူမမှန်သဖြင့် ဇနီးဖြစ်သူကို ပြောပြ ခဲ့သည်။ ဇနီးဖြစ်သူက မသင်္ကာသဖြင့်စစ်ဆေးခဲ့ပြီး ဆေးခန်းသို့ပြသစဉ် သမီးဖြစ်သူတွင် ကိုယ်ဝန် ၃ လခန့်ရရှိနေသည်ကိုသိရရှိခဲ့ သဖြင့် မေးမြန်းခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ အချိန်ခန့်တွင် ဆွမ်းပတ်အလှူခံ ထွက်ရန်တစ်ရပ်ကွက်တည်းနေထိုင်ပြီး ဖခင်ဖြစ်သူနှင့်ခင်မင်ရင်းနှီးသူ ဦးသံချောင်း(၆၀ နှစ်)နေအိမ်သို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့ရာ လူမစုံသေး သဖြင့်နေအိမ်ရှေ့ စောင့်ဆိုင်းနေစဉ် ဦးသံချောင်းက နေအိမ်ပေါ်သို့ လာရန် ခေါ်သဖြင့် သွားရောက်ခဲ့စဉ် ပါးစပ်ပိတ်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့သည်။

မည်သူကိုမျှပြန်မပြောရန်နှင့် ပြန်ပြောပါက သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကာ ယနေ့အချိန်ထိ သားမယားအဖြစ် ၅ ကြိမ်ခန့်ပြုကျင့်ခဲ့ပြီးဖြစ်ကြောင်း ပြောပြသိရှိ ရသောကြောင့် သံချောင်း ကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ဒဂုံတောင်ပိုင်းမြို့မရဲစခန်းက(ပ)၁၀၈၄/၁၆ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

Credit : The Myanmar Times



Follow us on