1. Home
  2. Movie Stars - Celebrity

ဇူလိုင်လထဲမှာ မင်္ဂလာလက်မှတ်ရေးထိုးတော့မယ့် ကောင်းခန့်

Movie Stars - Celebrity มิ.ย. 20, 2559 view 1,538

ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့ ကောင်းခန့်ကတော့ မကြာ ခင်မှာ သူ့ရဲ့ချစ်သူ မရူပါနဲ့ အတူ မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့ မှာဖြစ်ပါတယ်။ ဇူလိုင်လမှာတော့ Novotel Hotel မှာမင်္ဂလာလက်မှတ်ရေးထိုးမှာဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ Novotel Hotel မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါ တယ်။

ချစ်သူသက်တမ်း ၁ဝ နှစ်ကြာမှ မင်္ဂလာပွဲကျင်းပမယ့် ကောင်းခန့်က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက် ခဲ့ကြောင်း နဲ့ပတ်သက်ပြီး… “ကျွန်တော်တို့ နှစ်ယောက် ချစ်သူ့သက်တမ်း အခုဆို ၁ဝ နှစ်ရှိပါပြီ။ သူ့လည်း ကျွန်တော့် အပေါ်မှာ တအားနားလည်ပေးတယ်။ ချစ် လည်းချစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှု တွေနဲ့ တည်ဆောက်ထားတယ်။ ကျွန်တော်တို့ နှစ်ယောက် စကားလည်း မများဘူး၊ ရန်လည်း မဖြစ်ဘူး” လို့ ပြောပါတယ်။

အနုပညာအလုပ်တွေကို မလုပ် ဖြစ်တော့ တဲ့ ကောင်းခန့်က အိမ် ထောင်ကျပြီးရင်တော့ အနုပညာ အလုပ်တွေကို ပြန်လုပ်သွား မှာဖြစ် ကြောင်း ပြောပါတယ်။ “ကျွန်တော်အိမ်ထောင်ကျပြီး သွားရင် အနုပညာအလုပ်တွေကို ပြန်လုပ်သွားမယ်။

တခြား စီးပွားရေးလုပ်ထားတာရှိပါတယ်။ ဒီကြားထဲ မှာ ကျွန်တော် အနုပညာအလုပ်တွေ မလုပ်ဖြစ်တာက ဇာတ်ကားရိုက်ကူးချင်တဲ့စိတ် ပျောက်သွားတယ်။ နောက်တစ်ခုက ကျွန်တော့် ခန္ဓာကိုယ်ကတအားဝလာလို့ အဲဒါတွေကြောင့် မရိုက်ကူးဖြစ်တော့တာပါ’ လို့ ပြောပါတယ်။

Credit: Popular Journal



Follow us on