1. Home
  2. Movie Stars - Celebrity

Game of Thrones မှာ သရုပ်ဆောင်ခွင့်ရလို့ ပြည့်တန်ဆာဘဝမှ လွတ်မြောက်ခဲ့သူ

Movie Stars - Celebrity มิ.ย. 21, 2559 view 1,609

အသက် ၂၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ ဂျို့စဖင်းဂီလန်ဟာ Game of Thrones ဇာတ်လမ်းတွဲရဲ့ ဒုတိယတွဲမှာ မာရီဆိုတဲ့ ပြည့်တန်ဆာမလေးအဖြစ် သရုပ်ဆောင်ခဲ့ရပြီး ယခုနှစ်နှောင်းပိုင်းမှာ စတင်ရိုက်ကူးမယ့် သတ္တမတွဲမှာလည်း သရုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ သူမဟာ ကလေးဘဝက ခက်ခဲကြမ်းတမ်းစွာ နေခဲ့ရသူဖြစ်ပြီး အရွယ်ရောက်လာတော့လည်း သူမ ဆေးသုံးဖို့အတွက် ခန္ဓာကိုယ်ကို ရောင်းစားနေရတဲ့ အကျင့်ပျက် အပြာမင်းသမီးအဖြစ် ဘဝကို ရပ်တည်ခဲ့သူပါ။ Game of Thrones က သူမကို ဆိုးရွားတဲ့ဘဝထဲက ကယ်ထုတ်ခဲ့တာပါလို့ ဂျို့စဖင်းက အလေးအနက် ပြောခဲ့ပါတယ်။ "Game of Thrones က ကျွန်မဘဝကို ကယ်ခဲ့တာပါ။ ကျွန်မက ကိုကင်းစွဲနေခဲ့သူပါ။

ကျွန်မလိုအပ်တဲ့ ဆေးကိုရဖို့အတွက် ကျွန်မခန္ဓာကိုယ်ကို တစ်ပတ် သုံးလေးကြိမ် ရောင်းခဲ့တယ်။ လူချမ်းသာတွေနဲ့ တစ်ကြိမ် အတူနေရင် ပေါင် ထောင်နဲ့ချီရတယ်။ ကျွန်မက အပြာမင်းသမီးဖြစ်လို့ အဲဒီလောက် ငွေများများ ပေးတာ။ တစ်ညလုံးဆိုရင် ပေါင် ၄,၀၀၀ အထိ ရတယ်။ အဲဒီငွေနဲ့ ကျွန်မဘဝတစ်ခု ထူထောင်လို့ရနိုင်ပေမဲ့ အကုန်လုံးကို ဆေးအတွက် သုံးပစ်လိုက်တယ်" လို့ သူမက ဆိုပါတယ်။ အခုတော့ သူမဟာ နာမည်အကြီးဆုံး ဇာတ်ကားတစ်ကားဖြစ်တဲ့ GoT ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် နာမည်ကျော်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ရလဒ်အနေနဲ့ ဂျို့စဖင်းတစ်ယောက် ပရိသတ်နဲ့တွေ့ဆုံ ဓာတ်ပုံအရိုက်ခံရသူဖြစ်လာသလို နောက်ထပ် ရုပ်ရှင် ၃ ကားအတွက်လည်း စာချုပ်ချုပ်ခဲ့ပါပြီ။

ဆေးလွန်ပြီး ဆေးရုံရောက်ခဲ့ပြီးနောက် မူးယစ်ဆေးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့သူမဟာ Game of Thrnones ဇာတ်လမ်းတွဲမှာ ကိုယ်လုံးတီးအခန်းတွေ ရိုက်ကူးဖို့ သရုပ်ဆောင်ရှာဖွေနေတဲ့ ကြော်ငြာကို မြင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် နွေရာသီမှာတော့ သူမရဲ့ ပထမဆုံး ရိုက်ကွင်းကို အိုင်ယာလန်မြောက်ပိုင်းမှာ ရိုက်ကူးခဲ့ရပြီး အဲဒီကစလို့ သူမဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

Source & Photos : Duwun

Credit : mayoneyinponepyinmat/



Follow us on