1. Home
  2. Special or Others

လယ်ကွက်နဲ့ သမီးကိုလဲ လိုက်တဲ့လင်မယား

Special or Others มิ.ย. 21, 2559 view 1,635

ဆင်းရဲလွန်းတဲ့ လင်မယား၂ယောက်ဟာ လယ်ကွက်တွေမဆုံးရှုံးရဖို့ သူတို့ရဲ့ ၁၄နှစ်အရွယ်သမီးလေးကို ကယ်တင်ရှင်လူကိုလက်ဆောင်ပေးလိုက်ရပြီး ထိုလူဟာ အသက်မပြည့်သေးတဲ့ ၁၄နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့ကာ ကလေး၂ယောက်မွေးဖွားစေခဲ့တယ်လို့ သိရပါတယ်။

အသက်၄၃နှစ်အရွယ် Daniel Stoltzfus, နဲ့ သူ့ရဲ့ဇနီးအသက် ၄၂နှစ်အရွယ် Savilla Stoltzfus တို့ဟာ ၂၀၁၂ခုနှစ် မှာ သူတို့လယ်ကွက်မဆုံးရှုံးရဖို့ အသက်၁၄နှစ်အရွယ်သမီးလေးကို လယ်ကွက်မဆုံးရှုံးဖို့ကယ်တင်ခဲ့တဲ့ အသက်၅၁နှစ်အရွယ်အမျိုးသား Lee Kaplanအား လက်ဆောင်ပေးခဲ့ရပါတယ်။ အာဏာပိုင်တွေက သတင်းပေးပို့မှုတစ်ခုအရ အဆိုပါ အသက်၅၁နှစ်အရွယ် အမျိုးသားရဲ့အိမ်ကိုရှာဖွေခဲ့ရာမှာတော့ စုစုပေါင်း မိန်းကလေး ၁၁ယောက်ကိုတွေ့ရှိခဲ့ပါတယ်။ ၆လသားသမီးအရွယ်ကနေ ၈နှစ်သမီးအရွယ်အထိပါဝင်ခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယားမှာနေထိုင်တဲ့ Kaplanရဲ့အိမ်နီးချင်းတစ်ယောက်က အာဏာပိုင်တွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ Jen Betsက ဒီအိမ်ကို မသင်္ကာဖြစ်နေတာကြာနေပြီဖြစ်ပြိး အခုမှ အကြောင်းကြားခဲ့တာပါ။ သူမက“ကလေးမလေးက ငယ်လွန်းတယ်လေ။ ကျွန်မက အဲ့ဒိအိမ်ထဲက မိန်းကလေးတွေကို ပျော်ရွှင်စေချင်တာပါ။ သူတို့တွေကြည့်ရတာ ဝမ်းနည်းနေပြီး အမြဲတမ်းကြောက်ရွံ့နေတဲ့ပုံပေါက်နေခဲ့တာကြောင့် ကျွန်မမသင်္ကာဖြစ်လာပြီး ဖုန်းခေါ်ဖြစ် ခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။

မိဘတွေဖြစ်တဲ့ SToltzfuse စုံတွဲကတော့ သူတို့လယ်ကွက်ဆုံးရှုံးခါနီးမှာ ဒီလူဟာပေါ်လာခဲ့ပြီးသူတို့ကိုကယ်တင်ပေးမည်ဖြစ်ကြောင်းအဲ့ဒိအတွက်သမီးလက်ဆောင်ပေးရမယ်ဖြစ်ကြောင်းပြောခဲ့တယ်လို့ရဲတွေကိုပြောပြခဲ့ပါတယ်။ MrStoltzfusကသူ့အနေနဲ့သူ့သမီးကိုဒီလိုလက်ဆောင်ပေးတာဟာ တရားဝင်၊မဝင် အွန်လိုင်းမှာရှာပြီး တရားဝင်လို့ လက်ဆောင်ပေးခဲ့တာဖြစ်ကြောင်းဆိုပါတယ်။ Kaplanဟာ အသက်၁၄နှစ်အရွယ် မိန်းကလေးကိုရရချင်းနေ့မှာပဲ အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့ပါတယ်။နောက်ထပ်ကိုယ်ဝန်ကတော့အသက်၁၇နှစ်အရွယ်မှာရခဲ့တာဖြစ်ပါတယ်။ ကောင်မလေးက အခုအချိန်မှာတော့ အသက်၁၈နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။ သူမရဲ့ကလေးတွေကတော့ ၆လသားအရွယ်နဲ့ သုံးနှစ်အရွယ်တို့ဖြစ်ကြပါတယ်။

ရဲအရာရှိတစ်ယောက်က “ကျွန်တော်တို့အနေနဲ့ Amishလူမျိုးတွေရဲ့ ဓလေ့ထုံးစံကျွမ်းကျင်သူတစ်ဦးကိုခေါ်ယူပြီး ဒိအမှုကိုစုံးစမ်းနေပါတယ်။ ကျန်တဲ့ မိန်းကလေးတွေကိုလည်း စစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။ သြဂုတ်လ၂ရက်နေ့မှာတော့ တရားစီရင်သွားမယ်လို့ သိရပါတယ်။

အပြစ်ကျူးလွန်သူ Kaplan

Credit:Shwemom



Follow us on