
တရုတ်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးဖန်တံတား ဟာ ဟို ဘက်ကမ်းနဲ့ဒီဘက်ကမ်း အရှည်က ပေပေါင်း ၁၄၁၀ ရှိပါတယ်။ တံတားအမြင့် ကတော့ မြေပြင်အထက် ပေပေါင်း ၉၈၅ မှာပါ။ ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး ဖန်တံတားကြီး ခိုင်၊ မခိုင်ဆိုတာကို ဘယ်လို လုပ်သိနိုင်ပါ့မလဲဆိုတဲ့ မေးခွန်းကို တံတားကို တာဝန်ယူဆောက်ခဲ့တဲ့ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ဥက္ကဋ္ဌကတော့ အဲဒီအတွက် အဖြေရှာပေးနိုင်ပါတယ်။

အဲဒါကတော့ သူက သူ့တို့ကုမ္ပဏီလက်ရာ စံချိန်တင်တံတားကြီးကို တူကြီးနဲ့ ထုခိုင်းခဲ့ တာပါပဲ။ ဘီဘီစီသတင်းထောက်ကို ခေါ်ပြီး အဲဒီလိုလုပ်ခိုင်းတာပါ။ သတင်းထောက်ကလည်း တူကို အားရပါးရလွှဲ ထည့်လိုက်ပြီး ထုထည့်လိုက်တာပေါ့။
ပထမတစ်ချက်မှာတင်ကိုပဲ အပေါ်လွှာ ဖန်က အက်သွားပါတော့တယ်။ ဒါပေမဲ့ နောက်ထပ် ၁၂ ချက်လောက် ဆက်ထုပေမယ့် ကျန်တဲ့အောက်က ဖန်အလွှာ တွေက ဘာဆိုဘာမှမဖြစ်ပါဘူးတဲ့လေ။ အဲဒီတံတားက ဟူနန်မှာရှိတဲ့ နာမည် ကျော်ဇန်ဂျီယာဂီ ချောက်ကြီးကို ဆက်ပေးထားတာလဲ ဖြစ်ပါတယ်။
.jpg)
Credit: Shwe Myanmar media
comment