1. Home
  2. Movie Stars - Celebrity

အိမ်ထောင်ဖက်အကြောင်း ကိုယ်တိုင်ပဲ ပြောပြမယ် ဖြူဖြူကျော်သိန်း

Movie Stars - Celebrity มิ.ย. 21, 2559 view 1,748

လတ်တလောမှာတော့ ပရိ သတ်တော်တော်များများက အဆိုတော် ဖြူဖြူကျော် သိန်းရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြပါတယ်။ အင်တာနက် လူမှုစာမျက်နှာ တချို့ မှာလည်း ပြီးခဲ့တဲ့နှစ်က မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုအတွက် ရိုက်ကူးထားတဲ့ စုံတွဲပုံတစ်ပုံ လည်း ပြန်တက်လာတာကြောင့် တချို့ပရိသတ်တွေကြားမှာ ဖြူဖြူကျော်သိန်းရဲ့ အိမ်ထောင်ဖက်က ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စိတ်ဝင်စားေ နကြပါတယ်။

ဒီအကြောင်း အပေါ်မှာ ဖြူဖြူကျော်သိန်းကို မေးကြည့်တော့ “ဒါက ပြီးခဲ့ တဲ့နှစ်ကတည်းက မဂ္ဂဇင်းမျက်နှာဖုံး ရိုက်ကူးတာပါဆိုတာ ပရိသတ်အားလုံးလည်း သိပြီးနေပါပြီ။ ဘာမှတောင် ထပ်ပြီးရှင်းစရာမလိုတော့ဘူး ထင်ပါတယ်။ ဖြူဖြူ အနေနဲ့က လတ်တလောမှာ အချစ်ရေးနဲ့ ပတ်သက်လို့ ဘာထူးခြားမှုမှမရှိပါ ဘူး။ အိမ်ထောင်ဖက်ကတော့ ဘုရားပေးတဲ့ ဖူးစာပါပဲ။

အခု လောလောဆယ် မှာတော့ ဖြူဖြူအနေနဲ့ ပြောချင်တာက အိမ်ထောင်ပြုဖို့ အစီအစဉ် လုံးဝမရှိသေးဘူး ဆိုတာပါပဲ။ နောက်တစ်ခုပြောချင်တာက ရှိလာခဲ့ရင် လည်း ဖြူဖြူအနေနဲ့ ပရိ သတ်ကို အတိအလင်းကြေညာပြီးတော့ပဲ အသိပေးမှာပါ။ ဖြူဖြူနှုတ်ကပဲ ကိုယ်တိုင်ပြောမှာပါ။ ဟို Page ဒီ Page တွေက အတုအယောင်တွေနဲ့ ဟိုလိုလိုဒီလိုလို သတင်းတွေကို မယုံစေချင်ဘူး။ ဖြူဖြူအနေနဲ့လည်း ဒီကိစ္စကို ခိုးကြောင်ခိုးဝှက် လုပ်မယ့်သူမဟုတ်ပါဘူး။

တကယ် ရှိခဲ့ရင် ဖြူဖြူပါးစပ်ကနေ အတိအလင်းပြောမှာပါ။ ဟို Page ဒီ Page ကနေ ပေါ်လာမှာမဟုတ် ပါဘူး။ ဖြူဖြူပါးစပ်က ပြောတာကိုပဲ ယုံစေချင်တယ်။ ပြီးတော့ နောက်တစ်ခုရှိတာက အင်တာနက်စာမျက် နှာကတစ်ဆင့် သတင်းအ မှန်လေးတွေ သိချင်တယ်ဆိုရင် ဖြူဖြူရဲ့ Official Page ဖြစ်တဲ့ Phyu Phyu Kyaw Thein Fan Page မှာ ဝင် ရောက်ကြည့်ရှု လို့ရပါ တယ်။ အဲဒါကတော့ ဖြူဖြူကိုယ်တိုင်လည်း သုံးပါတယ်။

ဒီလို ကောလာဟလတွေဆိုတာလည်း နာမည်မကောင်းတဲ့ Pageတွေကပါ။ တကယ့်တရားဝင် Page တွေကတော့မတင်ပါဘူး။ ဒီလိုအချစ်ရေး အိမ်ထောင် ရေးကိစ္စ အစီအစဉ်ရှိလာရင် ဖြူဖြူက ကိုယ်တိုင်ပဲ ပါးစပ်က ထုတ်ဖော်ပြောကြား မယ့်သူမျိုးဖြစ်ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

Credit: Popular journal



Follow us on