1. Home
  2. Movie Stars - Celebrity

သီတင်းကျွတ် မတိုင်ခင်အခွေထွက်မယ့် ဆန်းသစ်လ

Movie Stars - Celebrity มิ.ย. 21, 2559 view 1,876

တစ်ကိုယ်တော်စီးရီးအတွက် အချိန်ယူကာ ကြိုးစားပြင်ဆင်နေတဲ့ ဆန်းသစ်လက သူမရဲ့ စီးရီးထဲမှာ မိခင် အဆိုတော် မေရွက်ဝါရဲ့ သီချင်းနှစ်ပုဒ်ကို ပြန်လည် ဆန်းသစ်ကာ သီဆိုထားတယ်လို့ ဆိုပါတယ်။ သူမရဲ့ စီးရီးခွေကိုလည်း သီတင်းမကျွတ်ခင် ထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စီးရီးထဲမှာ ကော်ပီသီချင်းများလည်း ပါဝင်သလို မိခင်အကြိုက် သီချင်းပုံစံလေးတွေနဲ့ သူမအကြိုက် သီချင်းပုံစံလေးတွေကို ပေါင်းစပ်ပြီး လုပ်ထားတယ်လို့ သိရပါတယ်။ မိခင်ရဲ့ သီချင်းနှစ်ပုဒ်ကိုလည်း သူ့မပုံစံနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်လည် သီဆိုထားတယ်လို့လည်း ပြောထားပါတယ်။

Credit: Duwun 



Follow us on