1. Home
  2. Special or Others

Rihanna နဲ့ calvin harris တို့ရဲ့ သီချင်းဗီဒီယို

Special or Others มิ.ย. 21, 2559 view 1,742

စကာ့တလန်သား DJ calvin harris လက်စွမ်းပြပြီး ရီဟားနားပါဝင်သီဆိုထားတဲ့ This Is What You Came For ရဲ့ သီချင်းဗီဒီယိုဟာ ထွက်ရှိပြီး နှစ်ရက်အတွင်းမှာ YouTube မှာ ရေပန်းအစားဆုံးစာရင်းဝင်ဖြစ်လာပါတယ်။ EDM သီချင်းအမျိုးအစားဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ကမှ ထွက်ရှိလာတာပါ။

အလန်းစားတီးလုံးတွေနဲ့ ရီဟားနားက တစ်ကိုယ်တော်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဆလိုက်မီးတွေကြားမှာ တစ်ယောက်တည်း မြူးမြူးကြွကြွသီဆိုနေပုံက နားထောင်ရသူကိုပါ ကခုန်ချင်စိတ် ပေါက်လာစေပါတယ်။

This Is What You Came For သီချင်းကို ကယ်ဗင်ဟားရစ်က ယခုနှစ် ဧပြီ ၂၉ ရက်မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ထိုစဉ်က တေလာဆွစ်နဲ့ချစ်ကြိုက်နေဆဲကာလဖြစ်တာကြောင့် သီချင်းထဲကပုံကိုတောင် တေလာဆွစ်က အင်္ကျီချုပ်ဝတ်ခဲ့ပါသေးတယ်။

Credit: Duwun



Follow us on