1. Home
  2. Myanmar News

ဓမ္မစေတီခေါင်းလောင်းကြီးကို ၀ါခေါင်လတွင်းအပြီး ဆယ်ယူမည်ဟု ဦးစံလင်း ထပ်မံပြောဆို

Myanmar News มิ.ย. 21, 2559 view 1,541

ရန်ကုန်မြစ်အတွင်း နစ်မြုပ်နေတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ၀ါခေါင်လအတွင်း အပြီးဆယ်ယူမယ်လို့ ဦးစံလင်းက ထပ်မံပြောဆိုလိုက်ပါတယ်။ “ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အခုလာမယ့် ၁၃၇၈ ခုနှစ် ဝါခေါင်လအပြီး ရေထဲမှ ကုန်းပေါ်သို့ အရောက်ဆယ်ယူတင်လှူသွားမယ်”လို့ ဒီနေ့ မနက်ပိုင်းက city star hotel မှာ ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးစံလင်းက အခုလို ပြောဆို လိုက်တာပါ။ နိုင်ငံတော်က ဘွဲ့တံဆိပ် ချီးမြှင့်တာ ခံထားရတဲ့ တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ၂၀၁၄ ခု သြဂုတ် ၉ ရက်နေ့က ရှာဖွေခဲ့တာဖြစ်ပြီးအချိန် ၁ လကျော် ကြာမြင့်ခဲ့ပေမယ့် ခေါင်းလောင်းကြီးကို မတွေ့ရှိခဲ့ပါဘူး။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို လူအများ စိတ်ဝင်စားခဲ့ကြပြီး ခေါင်းလောင်းရှာဖွေရေး လုပ်ငန်းတွေကို ၂၀၁၄ ခု သြဂုတ်လထုတ် သတင်းစာနဲ့ ဂျာနယ်တွေက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းကတဆင့် သယ်ယူစဉ် နစ်မြုပ် ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ်ရာဇဝင်တွေကတဆင့် ဖြစ်ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှုမရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

Credit : http://burmese.dvb.no/



Follow us on