1. Home
  2. Special or Others

တောင်ကိုရီးယား နိုင်ငံ ဆိုးလ် မြို့မှာတော့ မိုဘိုင်းဖုန်း အသုံးပြု သူတို့ အတွက် သတိပေး ဆိုင်းဘုတ်တွေ လိုက်လံ တပ်ဆင်

Special or Others มิ.ย. 21, 2559 view 1,593

ဒါပေမယ့် ဖုန်း အသုံးပြုသူတွေက ဒီ ဆိုင်းဘုတ်တွေကို မြင်ပါ့မလား လို့ မေးခွန်း ထုတ်တဲ့ လူတွေလည်း ရှိကြပါတယ်။ သတိပေး ဆိုင်းဘုတ် တစ်ခုမှာတော့ မိုဘိုင်းဖုန်း ကိုပဲ ခေါင်းစိုက်ပြီး ကြည့်နေမယ် ဆိုရင် ကားတိုက်ခံရနိုင်တဲ့ အန္တာရယ် ရှိတယ်ဆိုတဲ့ သတိပေးချက်မျိုးပါ။ ဆိုးလ်မြို့မှာ မိုဘိုင်းဖုန်း ကို စိုက်ကြည့်ပြီး လမ်းလျှောက်တတ် သူတို့ အတွက် သတိပေး ဆိုင်းဘုတ် ၃၀၀ ကျော် တပ်ဆင် သွားမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း အသုံးပြုနေလို့ ယာဉ် တိုက်ခိုက်မှု ဟာ ၂၀၀၉ ခုနှစ်မှာ အမှု လေးရာ သာ ရှိခဲ့ရာက ၂၀၁၄ ခုနှစ် မှာတော့ အမှုပေါင်း တစ်ထောင်ကျော် ဖြစ်ပွား နေကြောင်း တောင်ကိုရီးယား ကုန်လမ်းပို့ဆောင်မှု ဘေးကင်းရေး ဌာန က ပြောပါတယ်။ ဒီသတိပေး ဆိုင်းဘုတ် က ဖုန်းကနေ မျက်နှာမလွှဲ နိုင်အောင် ဖြစ်နေသူတွေ အတွက် အကူအညီ ပေးနိုင်မှာလား?၊ ဘီဘီစီ မြန်မာပိုင်း ပရိသတ်တွေ ရော မိုဘိုင်း ဖုန်းကို မျက်စိနဲ့ မခွာ အသုံးပြုနေပြီလား?

Credit : BBC Burmese



Follow us on