1. Home
  2. Special or Others

ကမ္ဘာ့အ၀မယ် အလှပြိုင်ပွဲကြီးမှာ ဗိုလ်စွဲသွားတဲ့ စင်ကာပူသူ

Special or Others มิ.ย. 22, 2559 view 1,624

၀၀ကစ်ကစ်အလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲကြီးတွင် ဆန်ခါတင် ၁၀ ဦးကို အနိုင်ရရှိပြီး စင်ကာပူသူက ဗိုလ်စွဲသွားခဲ့ပါတယ်။ လက်ဗီးယားနိုင်ငံတွင် ပြုလုပ်သွားခဲ့သည့် ကမ္ဘာ့အ၀မယ်ပြိုင်ပွဲ ကြီးတွင် စင်ကာပူသူ အလှမယ် Tan Si Mi က ပထမဆုရသွားပါတယ်။

အဖြူရောင်ဂါဝန်ပေါ်တွင် စီး ကွင့်ရောင်စုံထိုးထားပြီး ထိုဂါဝန်အောက် ပိုင်းမှာ ဖောက်ထွင်းမြင်နေရသည်။ အသက် ၂၁ နှစ်အရွယ် Tan Si Mi က ပိန်စေရန် နည်းပေါင်းစုံ ကြိုးစား ခဲ့ကြောင်း၊ သို့သော်လည်း မရကြောင်း သတင်းထောက်များကို ပြောပြသွားခဲ့ သည်။

ဝသည့်အတွက် သိမ်ငယ်စိတ်လည်း ရှိခဲ့ဖူးပါတယ် ။ သို့သော်ပိန်သွယ်ခြင်းဆိုသည့် အပေါ်ယံအလှထက် မိမိကိုယ်မိမိယုံကြည်ခြင်းဆိုသည့်အတွင်းပိုင်းအလှက မိမိဘ၀ တက်လမ်းအတွက် များစွာပိုမိုအရေးကြီးသည်ဆိုသည်ကို တဖြည်းဖြည်း သိနားလည်လာခဲ့ပါတယ်လို့လဲ ကြောကြားသွားပါတယ်။ ၀သော်လည်း အလှမယ်ဖြစ်လိုသည့် ကမ္ဘာတစ်လွှားမှ မိန်းကလေးတိုင်းအတွက် Tan Si Mi က စံပြဖြစ်လာပါပြီ။

Credit:Pyi Myanmar



Follow us on