1. Home
  2. Special or Others

13နှစ်အရွယ် Relationshipစာချုပ်

Special or Others มิ.ย. 22, 2559 view 1,638

ဒီရယ်စရာ Relationshipစာချုပ်လေးကို Max Linsky အမည်ရအမျိုးစားတစ်ယောက်က အလယ်တန်းစာသင်ကျောင်း တစ်ခုမှာကောက်ရခဲ့ပြီး တွစ်တာပေါ်တင်ခဲ့ရာကနေ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့တာပါ။ ကလေးတွေရဲ့ Datingအပေါ်ထားတဲ့ သဘောတရားတွေကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်မှာဖြစ်ပါတယ်။

ဒီစာချုပ်လေးထဲမှာ ကောင်မလေးက ကောင်လေးကိုတော်တော်များများ ရယ်စရာလေးတွေ တားမြစ်ထားတာကိုတွေ့ရပါတယ်။ ကောင်လေးကလည်း စာချုပ်ကိုလက်မှတ်ထိုးထားပါတယ်။

“နင်မကောင်းတဲ့ မိန်းကလေးတွေနဲ့ စကားမပြောရဘူး။ နင်ငါ့ကိုတစ်ချိန်လုံး စကားပြောရမယ်၊ နင်ငါ့ကို ခဏခဏဖက်ရမယ်၊ နင်ငါ့ကို အစားအသောက်တွေလည်း ဝယ်ကျွေးရမယ်၊ နင့်ငါ့ရဲ့အသဲကိုမခွဲရဘူး၊ နင့်ငါ့အသဲကိုခွဲရင် နင့်မျက်နှာကိုကွဲအောင်ပြန်လုပ်မယ်၊ နင်ငါ့ကိုလမ်းမခွဲရဘူး၊ငါတို့ပြသနာရှိရင် ရအောင်ရှင်းကြမယ်၊ နင်မကောင်းတဲ့မိန်းမတွေကိုမဖက်ရဘူး၊ နင်မကောင်းတဲ့မိန်းမတွေနဲ့ လက်သီး ချင်ဆိုင်ပြီး နှုတ်ဆက်လို့ပဲရမယ်၊ နင်သူတို့ကိုလည်း ကြည့်လို့မရဘူး” စသဖြင့် Terms and Conditions တွေနဲ့ တားမြစ်ထားပါတယ်။

တွစ်တာအသုံးပြုသူတွေကတော့ ဒီစာချုပ်လေးကို ချစ်ဖို့ကောင်းတယ်လို့မြင်နေကြပါတယ်။အချို့ကလည်းအရမ်းတင်းကျပ်လွန်းတယ်ဆိုပြီးဝေဖန်နေကြပါတယ်။ မူရင်းပို့စ်တင်တဲ့လူကတော့ ကျွန်တော်ဒိစာလေးကိုဖတ်တာ အခါ၁၀၀ရှိတော့မယ်။ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲဗျာလို့ဆိုခဲ့ပါတယ်။ ဘာပဲပြောပြော ကလေးတွေရဲ့ စုံတွဲဆိုတဲ့အပေါ်ခံယူ ချက်ကို ဒီစာလေးက ကွက်ကွက်ကွင်းကွင်းဖော်ပြနေပါတယ်။ တကယ်တော့ ဒီစာလေးက လူကြီးတွေကြားထဲမှာ ရှိသင့်တာဖြစ်မယ်ထင်ပါတယ်။

Credit :Shwemom



Follow us on